AD
AD
AD

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကိုတော့ ရုရှားနိုင်ငံမှာ ကျင်းပပြုလုပ်သွားတော့မှာဖြစ်ပြီး ဘယ်ကစားသမားတွေက မိမိတို့အသင်းကို ဘယ် လောက်ထိ စွမ်းဆောင်ပေးနိုင်ကြမလဲ ဆိုတာကလည်း စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။

၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက မာရာဒိုနာ၊၁၉၇၄ ခုနှစ်တုန်းက ဂျိုဟန်ခရိုက်တို့လို ယခုပြိုင်ပွဲမှာလည်း ဘယ်ကစားသမားတွေက သူတို့ရဲ့ နာ မည်ကို သမိုင်းမှတ်တိုင်သစ်ရေးထိုးနိုင်အုံးမလဲ ဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ယခုပြိုင်ပွဲမှာ အဓိက စိတ်ဝင်စားဖွယ်စောင့်ကြည့်သင့်တဲ့ ကစားသမား(၅)ဦးကတော့ ရှိနှင့်နေပြီဖြစ်ပြီး ကိုယ်စီ အသင်းတွေကို ဘယ်လောက်ထိ စွမ်းဆောင်ပေးနိုင်မလဲဆိုတာကလည်း စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။

play

 

(၅) နေမာ(ပီအက်စ်ဂျီ- ဘရာဇီးလ်)
-------------------------------------

ဘရာဇီးတွေရဲ့ မျှော်လင့်ချက် ယခုနှစ်မှာတော့ စိတ်ပျက်ဖွယ်အရှုံးနဲ့ ရင်ဆိုင်ရအုံးမှာလား၊၂၀၁၄ ခုနှစ်တုန်းက ဆီမီးဖိုင်နယ်မှာ ဂျာမီနီနဲ့ ကစားခဲ့ စဉ် ဒဏ်ရာကြောင့် လွဲချော်ခဲ့တဲ့ နေမာအနေနဲ့ အိုလံပစ် ပြိုင်ပွဲမှာတော့ ဂျာမနကို ပင်နယ်တီ ကန်သွင်းပြီး အနိုင်ယူပေးခဲ့ဖူးသူဖြစ်ပါတယ်။

ယခုနှစ်မှာတော့ ဘရာဇီးဟာ ဂျာမနီနည်းတူ တောင့်တင်းတဲ့ လူအင်အားကိုပိုင်ဆိုင်ထားပါတယ်။ဒီတစ်ကြိမ်မှာရော ဘရာဇီးအနေနဲ့ ဂျာမနီကို ကျော်လွန်ပြီး ဆုဖလားကြီးကို ကိုင်မြောက်နိုင်တော့မှာလားဆိုတာကတော့ မေးခွန်းထုတ်စရာပါ။

နေမာနဲ့အတူ ဘရာဇီးဟာ ပြန်လည် နိုးထလာခဲ့တာဖြစ်ပြီး ဘရာဇီးရဲ့ ကမ္ဘာ့မျှော်လင့်ချက်လို့လည်း ခေါ်ဝေါ်နေခဲ့တာကြောင့်ဒီဖိအားတွေဟာ နေမာအပေါ်မှာ အရမ်းကိုသက်ရောက်လို့နေခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒဏ်ရာကြောင့်အနားယူနေရပေမယ့်လည်း ကမ္ဘာ့ဖလားအမီ ပြန်လည်သက်သာလာဖို့ သတင်းတွေထွက်ပေါ်နေတာကြောင့် လည်း နေမာ ဒီတစ်ကြိမ်မှာရော ဒဏ်ရာနဲ့အတူ အသင်းကို ထားခဲ့အုံးမှာလား ဘယ်လောက်ထိ ပြန်စွမ်းဆောင်ပြနိုင်မလဲ ဆိုတာကတော့ စောင့် ကြည့်သွားရတော့မှာလည်း ဖြစ်ပါတယ်။

play

 

(၄) အူမီတီ(ဘာစီိလိုနာ- ပြင်သစ်)
----------------------------------

တိုက်စစ်ပိုင်းမှာ ထိပ်တန်း တိုက်စစ်မှူးတွေ ပိုင်ဆိုင်ထားတဲ့ ပြင်သစ်အနေနဲ့ ခံစစ်ပိုင်းမှာလည်း အကောင်းဆုံး လူစာရင်းကို ပိုင်ဆိုင်ထားပါတယ် ။ ဘာစီလိုနာအသင်းရဲ့ ခံစစ်မှာ ပူယိုးလ်မရှိတော့တဲ့နောက်ပိုင်းမှာ နည်းပြအဆက်ဆက် ပီကေးနဲ့  ကစားသမားအချို့ကို တွဲသုံးခဲ့ရာမှာ အူမီတီ လောက်တော့ ဘယ်သူမှ တွဲဖက်ညီမယ်လို့ မထင်ပါဘူး။

လက်ရှိမှာ ပြင်သစ်အသင်းရဲ့ လက်ရွေးစင်အသင်းမှာ အဓိက နောက်ခံလူ အဖြစ် ပါဝင်လာခဲ့ပြီး ရီးရဲအသင်းမှ ဗာရနီနဲ့ တွဲဖက်ကစားရတော့ မှာ လည်း ဖြစ်ပါတယ်။

သူ့အနေနဲ့ ဘာစီလိုနာမှာတုန်းကလို ပဲ ကမ္ဘာ့ဖလားမှာ ပြင်သစ်ရဲ့ နောက်တန်းကို အကောင်းဆုံး တွဲဖက်ကစားပြီး အကူအညီပေးနိုင်မလားဆို တာကလည်း အူမီတီကို ဘာစီလိုနာ ဘာကြောင့် နေရာပေးနေရတာလည်း ဆိုတာ အဖြေထွက်ပေါ်လာစေမယ့် အကြောင်းရင်းတစ်ခု ဖြစ်လာ တော့မှာလည်း ဖြစ်ပါတယ်။

play

 

(၃) ဆာလာ(လီဗာပူး-အီဂျစ်)
------------------------------

ဆာလာကတော့ အထွေအထူးပြောစရာမရှိပါဘူး။ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ သူ့ရဲ့ပင်နယ်တီသွင်းဂိုးနဲ့ အီဂျစ်ကို ကမ္ဘာ့ဖလား ၀င်ခွင့်ရရှိစေခဲ့လို့ အီ ဂျစ် ပြည်သူတစ်ရပ်လုံးရဲ့ သူရဲကောင်းဘွဲ့ကို ပေးအပ်ခြင်းခံထားရသူပါ။

ဒါတင်မကသေးပဲ ယခုနှစ် လီဗာပူးအသင်းမှာလည်း ကလပ်အသင်းနဲ့အတူ ခြေစွမ်းပြ ဂိုးတွေသွင်းယူနေပြီး ဥရောပ ရွှေဖိနပ်ဆုကိုပါ ချိန်ရွယ် ထားနိုင်သူဖြစ်ပါတယ်။

လက်ရှိ အချိန်မှာ လိဂ်သွင်းဂိုးအရေအတွက်ဟာ မက်ဆီထက်တောင် ၃ဂိုး ပိုများနေပြီး ပရီးမီးယားလိဂ် ရွှေဖိနပ်အပြင် ဥရောပရွှေဖိန်ပအတွက် ပါ ထိပ်ဆုံးက ရေပန်းစားနေသူလည်း ဖြစ်ပါတယ်။

လီဗာပူးမှာ ပြသနေတဲ့ခြေစွမ်းတွေကြောင့် ပီအက်စ်ဂျီ၊ရီးရဲနဲ့ ဘာစီလိုနာတို့က အပြိုင်ခေါ်ယူဖို့ ကမ်းလှမ်းခြင်းခံနေရသူ ဖြစ်ပြီး ကမ္ဘာ့ဖလား မှာရော ကလပ်အသင်းက ခြေစွမ်းတွေကိုဆက်လက်ထိန်းသိမ်းကာ အီဂျစ်အသင်းကို ဘယ်အဆင့်ထိ ဆွဲခေါ်ပေးနိုင်မှာလည်း ဆိုတာကတော့ စိတ်ဝင်စားဖွယ်ကောင်းနေတာလည်းဖြစ်ပါတယ်။

အီဂျစ်ရဲ့ အဖွင့်ပွဲကတော့ ဇွန်လ ၁၅ ရက်နေ့မှာ ဥရုဂွေးအသင်းနဲ့ စတင်ကစားရမှာ ဖြစ်ပါတယ်။

play

 

(၂)ရော်နယ်ဒို(ရီးရဲမက်ဒရစ်- ပေါ်တူဂီ)
---------------------------------------

၂၀၁၆ ယူရိုပြိုင်ပွဲမှာ ပေါ်တူဂီကို ဗိုလ်စွဲမယ်လို့ ဘယ်သူမှ ထင်မှတ်မထားခဲ့ကြပါဘူး။ဗိုလ်လုကို ၎င်းရဲ့ ပြစ်ဒဏ်ဘောတွေနဲ့ တက်ရောက်စေခဲ့ သူရော်နယ်ဒိုဟာ ဗိုလ်လုပွဲမှာ ပြင်သစ်နဲ့ ကစားချိန်မှာ ဒဏ်ရာရသွားခဲ့လို့ ပထမပိုင်းမပြီးခင်ကတည်းက ထွက်ခဲ့ရပါတယ်။

ဒါပေမယ့် အသင်းခေါင်းဆောင်ကောင်းတစ်ယာက်ပီပီ အသင်းကို နည်းပြနဲ့အတူ ဆက်လက် မောင်းနှင်ခဲ့ပြီး ၎င်းရဲ့ ကစားသမားဘ၀တစ် လျှောက် ပထမဆုံး နိုင်ငံအသင်းနဲ့ ဆုဖလားရယူနိုင်ခဲ့ပါတယ်။ဒီအချက်ကြောင့်လည်း ရော်နယ်ဒိုဟာ မက်ဆီထက် နှာတစ်ဖျား သာခဲ့ရတာလည်း ဖြစ်ပါတယ်။

ယခုနှစ်မှာ ပေါ်တူဂီအနေနဲ့ ကမ္ဘာ့ဖလားရဖို့ ရေပန်းမစားပေမယ့်လည်း ချန်ပီယံလိဂ်နဲ့ ၂၀၁၆ ယူရို ပြိုင်ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် ရော် နယ်ဒိုအနေနဲ့ ပေါ်တူဂီကို ကမ္ဘာ့ဖလားမှာ ဘယ်လောက် ထပ်စွမ်းဆောင်ပြနိုင်အုံးမှာလည်း ဆိုတာကလည်း ဆက်လက်စိတ်ဝင်စားမှု မြင့်တက် စေတဲ့ အကြောင်းရင်းဖြစ်နေပြန်ပါတယ်။

ဒါ့အပြင် ဒီကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့ရဲ့ နောက်ဆုံး နိုင်ငံတကာ ပြိုင်ပွဲလည်း ဖြစ်လာဖို့ ရှိတာကြောင့် ရော်နယ်ဒို ဘယ်လိုမျိုး အဆုံးသတ်မလဲ ဆိုတာ မမှိတ်မသုန် စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

play

 

(၁) မက်ဆီ (ဘာစီလိုနာ- အာဂျင်တီးနား)
-----------------------------------------

မက်ဆီရဲ့ဘ၀မှာလိုအပ်နေတဲ့ ကွက်လပ်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ နိုင်ငံအသင်းနဲ့ အောင်မြင်မှု မရသေးတာပဲ ဖြစ်ပါတယ်။ ကလပ်အသင်းနဲ့ ဆုဖလားတွေ တစ်ဦးချင်းဆုတံဆိပ်တွေ ရယူထားဖူးပေမယ့် မက်ဆီ တစ်ကယ်လိုချင်နေတာက အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ဖလား ဆွတ်ခူး နိုင်ဖို့ပါပဲ။
လတ်တလော လာလီဂါမှာ ထိပ်တန်းဂိုးသွင်းဘုရင်ဖြစ်နေခြင်း၊စံချိန်တွေကို ချိုးဖျက်ထားတာတွေကြောင့်လည်း မက်ဆီရဲ့ ခြေစွမ်းပိုင်းက အမြင့် ပိုင်းမှာပဲ ဆက်လက်ရှိနေဆဲပါ။
ဒီပြိုင်ပွဲမှာ ဆုမရပါက ကစားသမားအချို့ အနားယူဖို့ရှိနေတယ်လို့ သိရသလို မက်ဆီလည်း ပါဝင်နေတယ်လို့ သတင်းထွကပေါ်နေတာကြောင့် မက်ဆီအနေနဲ့ နောက်ဆုံးလို့ ယူဆရမယ့် သူ့ရဲ့ ကစားသမားဘ၀ နိုင်ငံအသင်းနဲ့ပွဲစဉ်မှာ ဘယ်လောက်အထိ စွမ်းဆောင်ပြနိုင်မလဲဆိုတာ အား လုံး စောင့်ကြည့်ရမယ့် ကစားသမားအဖြစ် ရှိနေစေခဲ့ပါပြီ။

Source- Sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD