AD
AD
AD

ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း အင်နီယေစတာဟာ ဂျေလိဂ်အသင်းတစ်သင်းဖြစ်တဲ့ ဗစ်ဆယ်ကိုဘေးအသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ရတဲ့အကြောင်းအရင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

play

 

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အင်နီယေစတာဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် စပိန်လက်ရွေးစင်အသင်းရဲ့ လူစာရင်းမှာ ရွေးချယ်ခံထားရပြီး ဘာစီလိုနာအသင်းနဲ့အတူ ဆုဖလားပေါင်း ၃၂ လုံး ကိုင်မြှောက်နိုင်ခဲ့သူဖြစ်ပါတယ်။ ဗစ်ဆယ်ကိုဘေးအသင်းရဲ့ ကစားသမားအဖြစ် မိတ်ဆက်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အင်နီယေစတာက ကမ်းလှမ်းမှုအများအပြား ရရှိခဲ့ပေမယ့် ဗစ်ဆယ်ကိုဘေးအသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ရတဲ့အကြောင်းအရင်းကို ပြောပြခဲ့ပါတယ်။

play

 

"ကျွန်တော့်အတွက် ဒီနေ့က ထူးခြားတဲ့နေ့တစ်နေ့ပါပဲ"

"ဒါက ကျွန်တော့်အတွက် အရေးကြီးတဲ့ စိန်ခေါ်မှုတစ်ရပ်ပါ။ ကျွန်တော့်မိသားစုကလည်း ဂျပန်ကို လာဖို့အတွက် အရမ်းစိတ်လှုပ်ရှားခဲ့ပါတယ်။ ကျွန်တော်တို့ အားလုံး စိတ်ကျေနပ်နေပါတယ်။ ကမ်းလှမ်းမှုတွေ အများကြီးရှိခဲ့ပါတယ်"

"တခြားအသင်းတွေကလည်း ကျွန်တော့်ကို စိတ်ဝင်စားကြောင်း ပြသခဲ့ပါတယ်။ ကျွန်တော် ဗစ်ဆယ်ကိုဘေးအသင်းကိုပဲ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗစ်ဆယ်ကိုဘေးအသင်း ကျွန်တော့်ကို ပြသခဲ့တဲ့ စီမံကိန်းကို အရမ်းသဘောကျခဲ့လို့ပါ"လို့ ပြောကြားခဲ့ပါတယ်။

play

 

ဗစ်ဆယ်ကိုဘေးအသင်းဟာ လက်ရှိအချိန် ဂျေလိဂ်မှာ အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ဇယားထိပ်ဆုံးက ဆန်ဖရက်စီဟီရိုရှီးမား အသင်းရဲ့အနောက် ၁၅ မှတ်အကွာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Source & Photos: Soccerladuma

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD