AD
AD
AD

ရီးရဲမက်ဒရစ်အသင်းရဲ့တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုနဲ့ ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီတို့နှစ်ဦးအနက် ဘယ်သူက ပိုမိုကောင်းမွန်တဲ့ကစားသမားလဲဆိုတဲ့ မေးခွန်းဟာ ကမ္ဘာတဝှမ်းမှာ ငြင်းခုံစရာအကောင်းဆုံးမေးခွန်းတစ်ခုအဖြစ် ရှိနေဆဲဖြစ်ပါတယ်။ ယင်းမေးခွန်းကို ဂျူဗင်တပ်အသင်းရဲ့ဝါရင့်ဂိုးသမားကြီး ဘူဖွန်က သူ့ရဲ့ထင်မြင်ချက်ကို ပြောကြားလိုက်ပြီး ဘာကြောင့်မက်ဆီက ရော်နယ်ဒိုထက် ပိုကောင်းမွန်တဲ့ကစားသမားဖြစ်နေလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။

play

 

မက်ဆီနဲ့ရော်နယ်ဒိုတို့နှစ်ဦးဟာ တစ်ဦးချင်းဆုတွေအနေနဲ့ရော၊ အသင်းလိုက်အောင်မြင်မှုတွေပါ တစ်ဦးနဲ့တစ်ဦး မကွာခြားဘဲ အပြင်းထန်ဆုံး ပြိုင်ဘက်တွေအဖြစ် ရပ်တည်နေတဲ့ကစားသမားတွေဖြစ်ပါတယ်။ ယနေ့မှာ အာဂျင်တီးနားအသင်းနဲ့ ချစ်ကြည်ရေးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမယ့် အီတလီအသင်းရဲ့လူစာရင်းမှာ ပြန်လည်ပါဝင်လာတဲ့ ဘူဖွန်ဟာ မက်ဆီနဲ့ ရော်နယ်ဒိုတို့နှစ်ဦးစလုံးရဲ့အရည်အချင်းကို ချီးကျူးခဲ့ပြီး မက်ဆီက အနည်းငယ်ပိုကောင်းမွန်တယ်လို့ ထင်မြင်မိကြောင်း ပြောကြားခဲ့ပါတယ်။

play

 

"သူတို့နှစ်ယောက်က လုံးဝကို ကွဲပြားခြားနားတဲ့ကစားသမားတွေပါ"

"မက်ဆီက ပိုပြီး ပြီးပြည့်စုံပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ကစားသမားဘဝအစကတည်းက ပါရမီပါတဲ့သူပါ။ နည်းစနစ်ပိုင်းလည်း ပိုပြီးကောင်းမွန်ပြီး ဂိုးသွင်းသေချာတာထက် ကစားကွက်ဖန်တီးပေးတဲ့သူဖြစ်ပါတယ်"

play

 

"ရော်နယ်ဒိုကျတော့ သူက နည်းနည်းအသက်ပိုကြီးတာကြောင့်ဖြစ်ချင်ဖြစ်လိမ့်မယ်။ ပင်နယ်တီဧရိယာထဲမှာတော့ သူက အသံတိတ်လူသတ်သမားလို တိကျပါတယ်။ အရင်က သူကစားတဲ့ပုံနဲ့နှိုင်းယှဉ်လိုက်မယ်ဆိုရင် သူ့ရဲ့ကစားအားကို ပိုပြီး ထိန်းသိမ်းထားရတော့မယ်။ အဲဒီတော့ သူ့အနေနဲ့ အရင်လိုမျိုး ကွင်းဘေးစည်းတစ်လျှောက် ပြိုင်ဘက်အသင်းကစားသမားတွေကို ပေါင်ကြားကနေ ဘောလုံးထုတ်ပြီး အရူးလုပ်တာမျိုး၊ လှည့်ကွက်တွေပြပြီး ဂိုးကန်သွင်းတာတွေ မလုပ်နိုင်တော့ပါဘူး။ ဒါပေမယ့် ပင်နယ်တီဧရိယာထဲမှာ သူ့ကို ဘောလုံးတစ်လုံးပေးလိုက်ရင်တော့ ဂိုးအဖြစ် ဖန်တီးနိုင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

play

 

မက်ဆီဟာ လက်ရှိအချိန် လာလီဂါပြိုင်ပွဲမှာ ပြိုင်ဘက်ကစားသမား ရော်နယ်ဒိုထက် ၃ ဂိုးအသာ ၂၅ ဂိုးနဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။

Source & Photos: SL

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD