AD
AD
AD

အီတလီနဲ့ နယ်သာလန်အသင်းတို့နဲ့ ခြေစမ်းပွဲကစားမယ့်အင်္ဂလန်အသင်းလူစာရင်းမှာရွေးချယ်ထားခံခဲ့ရတဲ့ ဆောက်သမ်တန် နောက်ခံလူ ဘာ ထရန်ကို နည်းပြ ဆောက်ဂိတ်က ပြန်လည်ချန်လှပ်ခဲ့ပြီလို့ သိရပါတယ်။

play

 

ဘာထရန်မှာ အင်္ဂလန်အသင်းနဲ့အတူ ဘရာဇီး၊ဂျာမနီတို့နဲ့ ခြေစမ်းပွဲတွေမှာ ယှဉ်ပြိုင်ကစားခဲ့ဖူးသူဖြစ်ပေမယ့်လည်း လက်ရှိမှာ ကျော ဒဏ်ရာ ကြောင့် ပြန်လည်ချန်လှပ်ခဲ့ရတယ်လို့သိရပါတယ်။

play

 

အင်္ဂလန်အသင်းအနေနဲ့ ဘာထရန်ကို ချန်လှပ်ခဲ့တာကြောင့် စပါးအသင်းမှ ဒန်နီရို့စ်၊မန်ယူမှ အက်ရှ်လေယန်းတို့ ကျန်ရှိနေသေးတာကြောင့် နောက်ထပ် အစားထိုးခေါ်ယူသွားမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

အင်္ဂလန်အသင်းမှာ နိုင်ငံတကာခြေစမ်းပွဲအဖြစ် လာမယ့် မတ်လ ၂၃ ရက်နေ့မှာ နယ်သာလန်အသင်းနှင့်လည်းကောင်း၊မတ်လ ၂၇ရက်နေ့မှာ အီတလီအသင်းတို့နဲ့ ခြေစမ်းပွဲများကစားသွားမှာ ဖြစ်ပါတယ်။

Source- BBC SPORTS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD