AD
AD
AD

ဥရောပ ထိပ်တန်းကလပ်အသင်းကြီးတွေမှာ ခြေစွမ်းပြ ကစားနေတဲ့ ကစားသမားများစွာရှိတဲ့အနက် ကိုယ်ပိုင် ခြေစွမ်းကောင်းမွန်ပါလျက်နဲ့ အသင်းရွေးချယ်မှု မှားယွင်းမှုကြောင့် ခြေစွမ်းပိုင်း ထိုက်သင့်သလောက် တိုးတက်ကောင်းမွန်ခြင်း မရှိပဲ ဖြစ်နေတဲ့ ကစားသမားတွေလည်း ရှိ ပါတယ်။

အဆိုပါ ကစားသမားတွေအနေနဲ့ ၎င်းတို့ ရွေးချယ်ထားတဲ့ ကလပ်အသင်းထက် အခြားအသင်းကို ပြောင်းဖြစ်ပါက ဒါမှမဟုတ်မူလ အသင်းတွေ မှာ ရှိနေစဉ်က ပိုမို အောင်မြင်တယ်ဆိုတာတွေကလည်း သာဓကတွေနဲ့တကွ ရှိနေတာ ဖြစ်ပါတယ်။

play

 

(၅) ပေါလ်ပေါ့ဂ်ဘာ
--------------------

ပေါ့ဂ်ဘာကတော့ ယခုတစ်ပတ် ကစားခဲ့ နိုင်ငံတကာခြေစမ်းပွဲစဉ်မှာ ၂၅ ကိုက်အကွာက အလွတ်တည်ကန်ဘောကို တိုက်ရိုက်ကန်သွင်းပြီး ခြေ စွမ်းမြင့်ကစားသမားတစ်ဦးဆိုတာကို သက်သေပြထားနိုင်ပါတယ်။

ဒါ့အပြင် ဂျူဗင်တပ်အသင်းကနေ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ခေါ်ယူထားခဲ့သူလည်း ဖြစ်ပေမယ့် မန်ယူအသင်းမှာတော့ နည်းပြ မော်ရင်ဟိုရဲ့ ကစားကွက်ကြောင့်နေရာမရ ဖြစ်နေရပါပြီ။

မန်ယူကိုရောက်တဲ့ ၂၀၁၆ ခုနှစ်မှာ ခြေစွမ်းပြသနိုင်ခဲ့ပေမယ့်လည်း ယခု ဘောလုံးရာသီမှာတော့ နည်းပြ မော်ရင်ဟိုနဲ့မပြေမလည် ဖြစ်နေခဲ့ တာ လည်း ဖြစ်ပြီး လေ့ကျင့်ရေး ပျက်ကွက်မှုတွေလည်း ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

ဂျူဗင်တပ်မှာရှိစဉ်တုန်းက စိတ်ကြိုက်နေရာ ကစားရမှုကြောင့် ခြေစွမ်း ပြသနိုင်ပေမယ့်လည်း မန်ယူမှာတော့ စိတ်ကြိုက်နေရာ ကစားခွင့်မရ ဖြစ်နေရခြင်းက ၎င်းရဲ့ ခြေစွမ်းပိုင်းကို ထိခိုက်နေစေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာလည်း အသင်းနဲ့အတူ ပွဲထွက်ခွင့်ပျောက်ဆုံးနေသလို နည်းပြမော်ရင်ဟိုနဲ့လည်း မကြာခဏ ပြဿနာတက်နေတဲ့ ပေါ့ဂ်ဘာကို ရီးရဲ အသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပြီး ၎င်းအနေနဲ့ ထွက်ခွာသွားတာဟာ ဒီမှာ နေနေတာထက်စာလျှင် ပိုမို အခွင့်အရေးကောင်းကို ပိုင်ဆိုင်နိုင်မယ်လို့ မျှော်လင့်ရတာလည်း ဖြစ်ပါတယ်။

play

 

(၄) အစ္စကို
-----------

နောက်တစ်ယောက်ကတော့ ပြီးခဲ့တဲ့ နိုင်ငံတကာခြေစမ်းပွဲမှာ ခြေစွမ်းပြခဲ့ပြီး ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ အစ္စကို ဖြစ်ပါတယ်။ ၎င်းအနေနဲ့ ခြေ စွမ်းပိုင်း မြင့်မားပါလျက်နဲ့ ရီးရဲအသင်းမှာ ပုံမှန် ပွဲထွက်ခွင့်ပျောက်ဆုံးနေရတာလည်း ဖြစ်ပါတယ်။

၎င်းအနေနဲ့ ယခုနှစ်မှာ ရီးရဲနဲ့အတူ လိဂ်ပွဲ ၁၈ ပွဲ ပွဲထွက်ကစားခဲ့ပြီးနောက် ၁၀ ဂိုးအထိသွင်းယူထားပြပေမယ့်လည်း နည်းပြဇီဒန်းကတော့ ကွင်း လယ်မှာ ခရူးစ်နဲ့ မိုဒရစ်ကိုသာ ဦးစားပေးနေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၂၅ နှစ်ရှိနေပြီ ဖြစ်ပြီး စပိန်အသင်းအတွက်လည်း ပြက္ဒိန်နှစ် နှစ်နှစ်မှာ ၈ ဂိုးအထိ သွင်းယူပေးထားနိုင်သူလည်း ဖြစ်ပါတယ်။ ယခုအခါ ရီးရဲအသင်းမှာ နည်းပြ ဇီဒန်း လက်အောက်ကစားနေရခြင်းကို မပျော်မွေ့တော့ဘူးလို့ ထုတ်ဖော်ပြောလာခဲ့ပြီး ပရီးမီးယားလိဂ် ကလပ် မန်စီးတီးက ခေါ်ယူဖို့ ကြိုးပမ်းနေတာကြောင့် အစ္စကိုတစ်ယောက် လွတ်လပ်စွာ ပျံသန်းခွင့်ကို အစပြုနိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။

play

 

(၃) နေမာ
----------

နေမာအကြောင်းကတော့ အထူးတလည်ပြောစရာ မလိုတော့ပါဘူး။ ဘရာဇီးကလပ်မှာ စတင်ကစားစဉ်ကတည်းက ဥရောပ ဘောလုံးရပ်ဝန်းက မျက်စိကျနေကြပြီး မက်ဆီလက်သစ်လို့တောင် တင်စားခေါ်ဝေါ်နေခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့နောက် ဘာစီလိုနာအသင်းက ခေါ်ယူခဲ့မှုနဲ့ အတူ နေမာဟာ တစ်စထက်တစ်စ ပိုမို တိုးက်လာခဲ့ပါတယ်။

နောက်ပိုင်းမှာလည်း မက်ဆီ၊ဆွာရက်ဇ်တို့နဲ့ အတွဲမိပြီး MSN တိုက်စစ်ကိုလည်း ပုံဖော်နိုင်ခဲ့သူ ဖြစ်ပါတယ်။တစ်ခုရှိတာကတော့ သူဟာ မက်ဆီ နဲ့အတူ တွဲကစားနေရလို့ ဘလွန်းဒီအောဆုကို မရယူနိုင်ဘူးလို့ အတွေးထင်မိခဲ့ပါတယ်။အဲ့အတွေးဝင်လာပြီးတဲ့နောက်မှာတော့ နေမာဟာ ဘာစီ ကနေထွက်ခွာဖို့ စတင်ပြင်ဆင်လိုက်ပါတော့တယ်။ အဲ့နောက် နေမာဟာ လာလီဂါထက် ပိုမို ကောင်းမွန်တဲ့ နေရာကို ရွေးချယ်ရာမှာတော့ ပရီး မီးယားလိဂ်ကို မေ့ထားပြီး ငွေကြေး မက်လုံးများစွာပုံအောပေးတဲ့ ပီအက်စ်ဂျီအသင်းကို ရောက်ရှိသွားပါတော့တယ်။

ခြေစွမ်းပိုင်းအရ မြင့်မားစွာရှိနေပြီး ဘလွန်းဒီအောဆုအတွက်ပါ မျှော်လင့်ခွင့်ရှိနေသူတစ်ယောက်ဟာ ဥရောပရဲ့ ထိပ်တန်း လိဂ် ၅ ခုမှာ အား အနည်းဆုံးလိဂ်လို့ဆိုရမယ့် ပြင်သစ်လိဂ်ကို ရွေးချယ်မှုနဲ့အတူ ၎င်းရဲ့ ခြေစွမ်းပိုင်းတွေကို ဘယ်သူမှ အထင်မကြီးတော့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းရဲ့ ရွေးချယ်မှုကိုလည်း ဘောလုံးရပ်ဝန်းမှ ပုဂ္ဂိုလ်များက ရူးသွပ်တဲ့ ရွေးချယ်မှုလို့ သတ်မှတ်ခဲ့ကြပြီး သူ့အတွက်ရောက ဘရာဇီး အတွက်ပါ နစ်နာမှုတစ်ခုဆိုတာကိုတော့ သူမသိမမြင်လေလျော့သာလးလို့ ထင်မိပါတော့တယ်။

play

 

(၂) ဂရုဇ်မန်း
------------

အက်သလက်တီကိုကိုရောက်ရှိချိန်ကစတင်ပြီး ယနေ့အချိန်ထိ ဂရုဇ်မန်းက ၁၉၈ ပွဲအထိ ကစားထားပြီး ၁၀၆ ဂိုး သွင်းယူထားနိုင်သူပါ။ လာမယ့် ရာသီမှာတော့ ဘာစီလိုနာက သူ့ကိုခေါ်ယူမယ်လို့ သတင်းတွေကတော့ ထွက်ပေါ်နေပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက မက်ဆီလိုပဲ သေးသေးလေးပါပဲ။ဒါပေမယ့် သူက မြန်တယ်၊လျင်တယ်၊ ဘောလုံးကျွမ်းကျင်မှု ပိုင်နိုင်မှုနဲ့အတူ ဂိုးသွင်းစွမ်းရည်မြင့်မားမှုတို့ကြောင့် နာမည် ရလာတဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။

နောက်တစ်ခုပြဿနာက အက်သလက်တီကိုအသင်းဟာ ကစားသမားအ၀ယ်စာရင်း ပိတ်ခံလိုက်ရတာလည်း ပါဝင်မှာ ဖြစ်ပါတယ်။လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက အဆိုပါ ဖြစ်ရပ်မရှိခဲ့ဘူးဆိုရင် အက်သလက်တီကိုအသင်းဟာ ယခုလို အခြေအနေမျိုးနဲ့ ကြုံနေမှာ မဟုတ်လောက်ပါ ဘူး။ချန်ပီယိံလိဂ် ဗိုလ်လုပွဲအထိ ရောက်ခဲ့တဲ့ အသင်းပီပီ ဂရုဇ်မန်းအတွက် ပိုကောင်းတဲ့ တွဲဖက်တွေ ရှာဖွေဝယ်ယူနိုင်မယ့် အခွင့်အရေး ဆုံးရှုံး ခဲ့တာကြောင့်ကစားသမားတွေလည်း မရောင်းထုတ်နိုင် ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီလို ကစားသမားတစ်ယောက်အတွက် အက်သလက်တီကိုအသင်းမှာ ၂၀၁၃-၁၄ ခုနှစ်က အမှတ်ပေးဆုဖလား တစ်ခုတည်းရရှိထားတာဟာ မတန်ဘူးလို့ ယူဆမိပါတယ်။ သူ့အနေနဲ့ ယခုခြေစွမ်းမျိုးနဲ့ ယခုထက် ပိုမိုမြင့်မားတဲ့ စွမ်းဆောင်မှုတွေ ပြုလုပ်နိုင်ပါသေးတယ်။ကမ္ဘာ့အကောင်းဆုံးအသင်းမှာလည်း ပါဝင်ထားနိုင်သူတစ်ယောက် ဖြစ်သလို နှစ်စဉ်နှစ်တိုင်းလည်း ဘလွန်းဒီအော ဆန်ကာတင်စာရင်းမှာ ပါဝင်လာလေ့ရှိတဲ့ ဒီ ကစားသမားအတွက် ဘာစီလိုနာဟာ အောင်မြေအဖြစ် ရှိနေမှာလည်း ဖြစ်ပါတယ်။သူ့အနေနဲ့ကတော့ မှန်ကန်တဲ့ ရွေးချယ်မှုကို ပြုလုပ်နိုင်ပါ စေလို့ပဲ ဆုတောင်းပေးရတော့မှာပေါ့။

play

 

(၁) စတားရစ်ခ်ျ
--------------

စတားရစ်ခ်ျရဲ့ ခြေစွမ်းကလည်း မေ့ထားလို့မရတဲ့ ခြေစွမ်းပိုင်ရှင်ပါ။ ကစားပုံ မကိုက်ညီတာကြောင့် လီဗာပူးက ပြီးခဲ့တဲ့ ဇန်န၀ါရီက အငှားချခဲ့ ရာမှာတော့ ၀က်စ်ဘရွန်းအသင်းကို ရောက်ရှိသွားသူပါ။

သူ့ကို အသိအမှတ်ပြုရမှာက ၂၀၁၃-၁၄ မှာ လီဗာပူး အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တဲ့ နှစ်မှာ ဆွာရက်ဇ်အကြောင်းပြောမယ်ဆိုရင် စတားရစ်ခ်ျ ကိုလည်း မေ့လို့မရပါဘူး။အဆိုပါနှစ်က ပွဲစဉ် ၃၅ ပွဲကစားပြီးချိန်မှာ လီဗာပူးက ထိပ်ဆုံးမှာ ရမှတ် ၈၀ နဲ့ ရပ်တည်နေနိုင်ထားခဲ့တာလည်း ဖြစ် ပါတယ်။ နောက်ဆုံး ၃ ပွဲမှာ ကံဆိုးမိုးမှောင်ကျခဲ့တာကြောင့် နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ဆုဖလားမျှော်လင့်ချက်နဲ့ထပ်မံ လွဲချော်ခဲ့ရတာ လည်း ဖြစ်ပါတယ်။

လက်ရှိ ရွေးချယ်ထားတဲ့ ၀က်စ်ဘရွန်းအသင်းက တန်းဆင်းဇုန်တိုက်ပွဲ တိုက်နေရချိန်မှာ ၎င်းမှာလည်း ဒဏ်ရာကြောင့် နားနေရတာက ကမ္ဘာ့ ဖလား ပါဝင်ခွင့်မျှော်လင့်ချက်ကို ယုတ်လျော့စေပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ စတားရစ်ခ်ျအနေနဲ့ အငှားရာသီ ကုန်ဆုံးပါက ယခုထက် ပိုမို ကောင်းမွန်သာလွန်တဲ့ အသင်းကို ပြောင်းရွှေ့ ဖို့ သင့်ပြီး ဒါမှသာ ၎င်းရဲ့ မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်ခွင့်ရမယ်လို့ယူဆပြီး လီဗာပူးကတော့ ၎င်းကို မလိုအပ်တော့တာ အမှန်လည်း ဖြစ်ပါတယ်။

Source- Sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD