AD
AD
AD

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့က ကိုပါ လီဘာတာဒိုရက်စ်ပြိုင်ပွဲ အုပ်စုအဆင့် ပွဲစဉ် ၄ အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ပီနာရိုလ်အသင်းနဲ့ ပါးမီးရပ်စ်အသင်းတို့ရဲ့ပွဲစဉ်မှာ နှစ်ဖက်အသင်းကစားသမားတွေဟာ ပွဲပြီးဆုံးချိန်မှာ တစ်ဖက်နဲ့တစ်ဖက် အကြီးအကျယ် ခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်။

play

 

ဘာစီလိုနာအသင်းက ပြီးခဲ့တဲ့ရက်ပိုင်းက ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့တဲ့ ပါးမီးရပ်စ်အသင်းရဲ့နောက်ခံကစားသမား ယယ်ရီမီနာဟာ ယင်းကဲ့သို့ နှစ်ဖက်အသင်းကစားသမားတွေ ခိုက်ရန်ဖြစ်ပွားနေမှုကို အခွင့်ကောင်းယူပြီး ကွင်းဘေး ကြော်ငြာဆိုင်းဘုတ်နားမှာ ထားရှိတဲ့ ဓာတ်ပုံသတင်းထောက်ရဲ့ပစ္စည်းတွေကို ခိုးယူသွားခဲ့တာကို ရုပ်သံမှတ်တမ်းကနေတစ်ဆင့် မြင်တွေ့ခဲ့ရပါတယ်။

play

 

ယယ်ရီမီနာရဲ့လုပ်ရပ်ဟာ အင်တာနက်လူမှုကွန်ရက်ပေါ်က ဘောလုံးပရိသတ်တွေကြားမှာ အငြင်းပွားဖွယ်ကိစ္စတစ်ခုဖြစ်ခဲ့ပြီး အချို့ပရိသတ်တွေက မီနာအနေနဲ့ ကိုယ်ထိလက်ရောက်တိုက်ခိုက်လာခဲ့ရင် ကာကွယ်ဖို့အတွက် ဓာတ်ပုံသတင်းထောက်ရဲ့ Tripod ကို ယူဆောင်သွားခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ကြပါတယ်။ ယင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး နောက်ဆက်တွဲ ဥပဒေအရ အရေးယူမှုတစ်စုံတစ်ရာ မပြုလုပ်ခဲ့ဘဲ ဘာစီလိုနာအသင်းက ခေါ်ယူပြီးနောက်ပိုင်း ယခုအချိန်မှသာ ယင်းဗီဒီယိုဖိုင် ပြန်လည်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD