International: အသင်းဖော်တွေကို ကင်မရာရှေ့မှာ ဆဲရေးမိခဲ့သည့် ဂိုးသမား ဂျိုးဟတ်

ကင်မရာရိုက်ကူးနေတာကို မေ့လျော့ပြီး ဂျိုးဟတ်က ဆဲရေးတိုင်းထွာမိခဲ့တာပါ။

play

 

ဝေးလ်အသင်းကို အင်္ဂလန်က ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အင်္ဂလန်ဂိုးသမား ဂျိုးဟတ်က အသင်းဖော်တွေကို ဆဲရေးတိုင်းထွာလိုက်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒေါသထွက်လို့ ဆဲရေးခဲ့တာ မဟုတ်ဘဲ အားလုံးကို အားပေးတဲ့ အနေနဲ့ ဆဲရေးခဲ့တာဖြစ်ပါတယ်။

play

 

ဝေးလ်အသင်းနဲ့ ပွဲထွက်မလာခင် ကွင်းအတွင်း ဥမင်လှိုဏ်ခေါင်းထဲမှာ ကစားသမားတွေ တန်းစီနေကြတဲ့ အချိန် ဂိုးသမားဂျိုးဟတ်က ရုပ်သံကင်မရာနဲ့ ရိုက်ကူးနေတာကို မေ့လျော့ပြီး ဆဲဆိုမိခဲ့တာဖြစ်ပါတယ်။ "လုပ်ကြစမ်းပါ။ ဘောလုံးရအောင် ယူ။ ပြီးရင် အဲဒီ သောက်ဘောလုံးကို သေသေချာချာ ကန်ကြ" ဆိုတဲ့ အဓိပ္ပာယ်မျိုး ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီအစီအစဉ်ကို ထုတ်လွှင့်မိခဲ့တဲ့ ဘီဘီစီ ရုပ်သံလည်း ဒီပြကွက် ပါဝင်သွားခဲ့တဲ့အတွက် ပြန်တောင်းပန်ဖို့ ဖိအားပေးခံခဲ့ရပါတယ်။ ဂျိုးဟတ်ဆဲရေးမိခဲ့တာကို ဘယ်သူကမှ စိတ်ဆိုးတာမျိုးတော့ မရှိခဲ့ပါဘူး။ အင်္ဂလန်က ဝေးလ်အသင်းကို ၂-၁ ဂိုးနဲ့ နိုင်ပြီးနောက် အုပ်စုနောက်ဆုံးပွဲမှာ ဆလိုဗက်ကီးယားကို သရေကစားမယ်ဆိုရင်နောက်တစ်ဆင့် တက်တော့မှာပါ။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ