International: နေမာကို ယူရို သန်း ၂၀၀ ပေးပြီး ခေါ်ရန် မန်ယူအပါအဝင် အသင်းသုံးသင်း အဆင်သင့်ဖြစ်နေ

နေမာအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၂၀၀ ပေးရင် ဘာစီလိုနာအသင်းက ရောင်းချဖို့ စာချုပ်ချုပ်ထားပါတယ်။

play

 

ဒီနှစ်နွေရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်းက ထွက်တော့မယ်လို့ နာမည်ကြီးနေတဲ့ တိုက်စစ်မှူး နေမာကို မန်ယူအသင်းက ပေါင် ၁၅၇ သန်းအသုံးပြုပြီး ခေါ်ယူတော့မယ်လို့ ဒုတိယအကြိမ် သတင်းထွက်လာပြန်ပါတယ်။

play

 

နေမာရဲ့ အေးဂျင့်ဖြစ်သူကလည်း သူ့ရဲ့ ကစားသမားအသင်းပြောင်းနိုင်ချေ ရှိတဲ့ကိစ္စကို အရိပ်အမြွက် ပြောကြားထားပါတယ်။ ဘရာဇီးလက်ရွေးစင်လည်းဖြစ်တဲ့ နေမာကို မန်ယူတစ်သင်းတည်း ခေါ်ယူဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး။ လာလီဂါမှာ ဘာစီလိုနာရဲ့ အဓိကပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အပြင် ပြင်သစ်ကလပ် ပီအက်စ်ဂျီလည်း ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ နောမာကို ဘာစီလိုနာအသင်းက စာချုပ်ချုပ်ဆိုထားရာမှာ ပေါင် ၁၅၇ သန်းပေးချေနိုင်တဲ့ အသင်းဆိုရင် အဆိုပါကစားသမားကို ဝယ်ယူခွင့် ပေးရမယ်လို့ ပါရှိပါတယ်။

play

 

အခု မန်ယူ၊ ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီ သုံးသင်းလုံးက အဆိုပါ ပြောင်းရွှေ့ကြေးပမာဏကို ပေးချေဖို့ အစဉ်သင့်ဖြစ်နေပြီလို့ နေမာရဲ့ အေးဂျင့်ဖြစ်သူက ပြောပါတယ်။" အသင်းကြီးသုံးသင်းက နေမာကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၂၀၀ (ပေါင် ၁၅၇ သန်းခန့်) ပေးဖို့ အစဉ်သင့်ပဲလို့ ဆိုလာပါတယ်။ ကျွန်တော် ဒီထက်ပိုပြီး ဘာမှမပြောနိုင်သေးပါဘူး" လို့ အေးဂျင့် ရီဘီယိုက ပြောပါတယ်။

Source : Manchester Evening News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ