International: ရော်နယ်ဒိုကို ပင်နယ်တီဆက်ကန်ခိုင်းမည်ဟု ပေါ်တူဂီနည်းပြ ပြောကြား

ပေါ်တူဂီအသင်းဟာ ဟန်ဂေရီနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အနိုင်ရမှသာ နောက်တစ်ဆင့် တက်ရောက်နိုင်မယ့် အနေအထား ဖြစ်နေပါတယ်။

play


ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ သြစတြီးယားနဲ့ ပွဲစဉ်မှာ ပင်နယ်တီလွဲချော်ခဲ့ပေမဲ့ နောက်ထပ် ပွဲစဉ်တွေမှာ ပင်နယ်တီကန်ခွင့်ရပါကလည်း ရော်နယ်ဒိုကို ကန်ခိုင်းမယ်လို့ ပေါ်တူဂီနည်းပြ ဖာနန်ဒို ဆန်းတို့စ်က ပြောကြားလိုက်ပါတယ်။ အုပ်စု (F) မှာ ပေါ်တူဂီရဲ့ ဒုတိယပွဲစဉ်အဖြစ် စနေနေ့ (ဇွန်လ ၁၈ ရက်) က သြစတြီးယားနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ ပေါ်တူဂီအသင်း ပြစ်ဒဏ်ဘောကန်ခွင့်ရခဲ့ပေမဲ့ ရော်နယ်ဒို ကန်သွင်းခဲ့ရာမှာ ဂိုးတိုင်ထိပြီး လွဲချော်ခဲ့ပါတယ်။

play


ပေါ်တူဂီအသင်းဟာ အုပ်စုပထမပွဲစဉ်မှာလည်း သရေရလဒ်သာ ဖြစ်ခဲ့တာကြောင့် သြစတြီးယားနဲ့ ဒုတိယပွဲစဉ်မှာ အနိုင်ရရှိရန် အရေးပါခဲ့တာလည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ လက်ရွေးစင်အသင်းနဲ့ ရဲမက်ဒရစ်အတွက် နောက်ဆုံး ကန်သွင်းခဲ့တဲ့ ပင်နယ်တီ ၅ လုံးမှာ တစ်လုံးသာ ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ပါတယ်။

play


စနေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်ဟာ ရော်နယ်ဒိုအတွက် လက်ရွေးစင်အသင်းနဲ့အတူ ၁၂၈ ပွဲမြောက် ပါဝင်ကစားခဲ့တာဖြစ်ပြီး ယူရို ၂၀၁၆ ပြိုင်ပွဲဟာ ၎င်းအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။ ပေါ်တူဂီဟာ အုပ်စုပွဲစဉ် နှစ်ပွဲကစားအပြီးမှာ နှစ်ပွဲလုံး သရေရလဒ်သာ ရရှိခဲ့ပြီး နိုင်ပွဲပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

play


ပေါ်တူဂီအသင်းဟာ ဇွန်လ ၂၂ ရက်မှာ ဟန်ဂေရီအသင်းနဲ့ အုပ်စုနောက်ဆုံးပွဲစဉ် ယှဉ်ပြိုင်ကစားရမှာပါ။ အုပ်စု (F) မှာ နှစ်ပွဲစီကစားပြီးနောက် ဟန်ဂေရီက ရမှတ် ၄ မှတ်ဖြင့် ပထမနေရာမှာ ရပ်တည်နေပါတယ်။

play


အိုက်စလန်နဲ့ ပေါ်တူဂီက ရမှတ် ၂ မှတ်စီဖြင့် ဒုတိယနဲ့ တတိယနေရာမှာ ရပ်တည်နေပြီး သြစတြီးယားက ရမှတ်တစ်မှတ်ဖြင့် စတုတ္တနေရာမှာ ရပ်တည်နေပါတယ်။ ပေါ်တူဂီအသင်းဟာ ဟန်ဂေရီနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အနိုင်ရမှသာ နောက်တစ်ဆင့် တက်ရောက်နိုင်မယ့် အနေအထား ဖြစ်နေပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ