International: ဒွန်ဂါကို ထုတ်ပယ်ပြီးနောက် ဘရာဇီးအသင်း နည်းပြသစ် ခန့်အပ်

ဘရာဇီးပြည်တွင်းမှာ အောင်မြင်မှု အရဆုံးနည်းပြတစ်ဦးကို ခန့်အပ်ခဲ့တာပါ။

play

 

ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်က ထွက်ခဲ့ရတဲ့နောက် ဘရာဇီးအသင်းက နည်းပြတိုင်တီကို အသင်းနည်းပြသစ် အဖြစ်ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။

play

 

ကိုယင်သီယန်အသင်းနည်းပြဟောင်း တိုင်တီက တောင်အမေရိကတလွှား ကလပ်အသင်းတွေကို တာဝန်ယူကိုင်တွယ်လေ့ရှိတဲ့ နည်းပြလည်းဖြစ်ပါတယ်။ နည်းပြဟောင်း ဒွန်ဂါဟာ ဘရာဇီးအသင်းကို ၂၀၀၆ ခုနှစ်ကမ္ဘာ့ဖလားနဲ့ ၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ တာဝန်ယူကိုင်တွယ်ခဲ့ပေမယ့် ၁၉၈၇ ခုနှစ်နောက်ပိုင်း ကိုပါအမေရိကဖလား အုပ်စုအဆင့်က ဘရာဇီးထွက်ခဲ့ရတဲ့အတွက် အဖွဲ့ချုပ်က လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဘရာဇီးနွယ်ဖွားဖြစ်သူ တိုင်တီက ဘရာဇီးပြည်တွင်းမှာ အောင်မြင်မှုအရဆုံး နည်းပြတစ်ဦးဖြစ်ပြီး ကိုယင်သီရန်အသင်းကို အဓိကဖလား ခြောက်ကြိမ်ရအောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။

play

 

"ကျွန်တော်လေဆိပ်ကို ထွက်လာတုန်းမှာ တစ်ယောက်က ပြောလိုက်တာ မှတ်မိနေသေးတယ်။ တိုင်တီရေ၊ မင်းကို အခု သန်း ၂၀၀ လောက်ရှိတဲ့ ပရိသတ်က အားပေးနေပြီကွတဲ့" လို့ နည်းပြသစ် တိုင်တီက ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

Source : Guardian/ Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ