International: ၾသစေၾတးလ် အိုလံပစ်အားကစားမယ် ရီယိုမှာ သေနတ်ထောက် လုယက်ခံရ

လေ့ကျင့်ခန်းပြုလုပ်နေစဉ် လုယက်ခံရတာဖြစ်ပြီး အနီးပတ်ဝန်းကျင်က လူအချို့က အဆိုပါဖြစ်ရပ်ကို တွေ့မြင်ပေမဲ့ လာရောက်ကူညီခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။


သြစတြေးလျနိုင်ငံမှ မသန်စွမ်း အိုလံပစ်အားကစားမယ်တစ်ဦးကို ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုမြို့မှာ သေနတ်ထောက် လုယက်မှု ဖြစ်ပွားခဲ့ပါတယ်။ လီယာဆဲလ် တက်စ် အမည်ရှိ သြစတြေးလျ မသန်စွမ်း အားကစားမယ်ဟာ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ ၆ ခုမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။


တက်စ်ရဲ့ ပြောကြားချက်အရ အမျိုးသားတစ်ဦးက သေနတ်ဖြင့် ခြိမ်းခြောက်ကာ သူမရဲ့စက်ဘီးကို လုယူသွားကြောင်း သိရပါတယ်။ အမျိုးသားနှစ်ဦးက အစပိုင်းမှာ သူမနဲ့ ရော့စ်အမည်ရှိ အမျိုးသမီးတို့ကို ငွေပေးရန် ခြိမ်းခြောက်တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ အိုလံပစ်အားကစားမယ်က သူမထံမှာ ငွေမပါကြောင်း ပြောကြားခဲ့ပြီးနောက် စက်ဘီးကို လုယူသွားခဲ့တာ ဖြစ်ပါတယ်။


အိုလံပစ်အားကစားမယ် နှစ်ဦး လေ့ကျင့်ခန်းပြုလုပ်နေစဉ် အခုလို လုယက်ခံရတာဖြစ်ပြီး အနီးပတ်ဝန်းကျင်က လူအချို့က အဆိုပါဖြစ်ရပ်ကို တွေ့မြင်ပေမဲ့ လာရောက်ကူညီခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။


အိုလံပစ်ပြိုင်ပွဲတွေကို လာမယ့် သြဂုတ်လအတွင်း ကျင်းပပြုလုပ်မှာဖြစ်ပြီး ဘရာဇီးအစိုးရက အားကစားသမားတွေနဲ့ ကမ္ဘာတစ်ဝန်းက လာရောက်ကြည့်ရှုမယ့် ပရိသတ်တွေ လုံခြုံရေးအတွက် ရီယိုဒီဂျနေရိုမှာ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၈၅,၀၀၀ ကို နေရာချစောင့်ကြပ်ထားစေကြောင်း သိရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ