International: မက်ဆီ ဂိုးသွင်းစံချိန်ချိုးပြီး အာဂျင်တီးနား ဗိုလ်လုပွဲတက်

, updated

အာဂျင်တီးနားသမိုင်းတစ်လျှောက် လက်ရွေးစင်အသင်းအတွက် ဂိုးအများဆုံးသွင်းတဲ့ ကစားသမားက မက်ဆီဖြစ်လာခဲ့ပါပြီ။

play

 

ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်ပထမအကျော့ ပထမပွဲစဉ် ပြီးဆုံးသွားပြီးနောက် အာဂျင်တီးနားက အမေရိကန် အသင်းကို ၄-၀ ဂိုးနဲ့ အနိုင်ရရှိကာ ဗိုလ်လုပွဲ တက်ရောက်သွားပြီဖြစ်ပါတယ်။ အသင်းအတွက် ဆီမီးဖိုင်နယ်မှာ တစ်ဂိုးသွင်းပေးခဲ့တဲ့ မက်ဆီလည်း အာဂျင်တီးအားသင်း သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းတဲ့စံချိန်ကို ရရှိထားသူဖြစ်ပါတယ်။

play

 

ကွာတားဖိုင်နယ်မှာ အီကွေဒေါကို အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်ရောက်လာတဲ့ အမေရိကန်အသင်းဟာ  အာဂျင်တီးနားကို ယှဉ်ကစားဖို့တော့ မတတ်နိုင်ခဲ့ပါဘူး။ ပွဲစပြီး သုံးမိနစ်မှာတင်ပဲ မက်ဆီရဲ့ဖန်တီးမှုမှ ရလာတဲ့ဘောလုံးကို လာဗက်ဇီက သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ နောက်တစ်ခါ ပွဲချိန် ၃၁ မိနစ်မှာလည်း တိုက်စစ်မှူး လာဗက်ဇီကို ပြစ်ဒဏ်ကျူးလွန်လို့ အာဂျင်တီးနား ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ပါတယ်။ ဒီပြစ်ဒဏ်ဘောကို မက်ဆီကန်သွင်းနိုင်ခဲ့လို့ အာဂျင်တီးဘောလုံးအသင်း သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းတဲ့ ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ ပွဲချိန် ၅၀ မိနစ်မှာ အာဂျင်တီးနား နောက်တစ်ဂိုး ထပ်ရပါတယ်။

play

 

ဟီဂူအင်က ဂိုးသမားနဲ့ တစ်ယောက်ချင်း ရင်ဆိုင်ကန်သွင်းခဲ့ရတာဖြစ်ပြီး ပထမတစ်ကြိမ် ကန်သွင်းချက် ဂိုးသမားပုတ်ထုတ်တာကို နောက်တစ်ကြိမ် ထပ်ကန်ခဲ့တာဖြစ်ပါတယ်။  ပွဲပြီးခါနီး ၈၆ မိနစ်မှာ အမေရိကန် ကစားသမားတွေရဲ့ အမှားကတစ်ဆင့် မက်ဆီရဲ့ ပေးပို့မှုကို ဟီဂူအင်ပဲ သွင်းယူလိုက်တာဖြစ်ပါတယ်။

အာဂျင်တီးနားက ဗိုလ်လုပွဲတက်သွားပြီဖြစ်ပြီး ၁၉၉၃ ခုနှစ်နောက်ပိုင်း စီနီယာအသင်းကြီးအတွက် ပထမဆုံးအဓိက ဖလားတစ်လုံး ယူနိုင်ဖို့ လက်တစ်ကမ်းအကွာကို ရောက်လာခဲ့ပါပြီ။

Source : Goal/ Sky Sports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ