International: ကွင်းထဲ အတင်းဝင်လာတဲ့ ပရိသတ်ကို ပြန်လည်ပွေ့ဖက်ပြီး လက်မှတ်ထိုးပေးတဲ့ မက်ဆီ

, updated

လုံခြုံရေး ပေါ့ဆမှုကြောင့် ပရိသတ်တစ်ဦး မက်ဆီ့ထံ အပြေးဝင်လာပြီး ဖက်လှဲတကင်း ပွေ့ဖက်ခွင့် ရခဲ့ပါတယ်။

play

 

ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ကွင်းအတွင်း ပြေးဝင်လာတဲ့ ပရိသတ်တစ်ဦးကို အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက ပြန်လည်ပွေ့ဖက်ခဲ့ပြီး ဂျာစီမှာ အမှတ်တရလက်မှတ်လည်း ပြန်လည်ရေးထိုးပေးခဲ့ပါတယ်။

 

ကွင်းအတွင်း လုံခြုံရေး ပေါ့ဆမှုကြောင့် ဒုတိယပိုင်းမှာ ကွင်းအတွင်းပြေးဝင်လာတဲ့ ပရိသတ်ကို မထိန်းနိုင်ခဲ့တာတွေ့ရပါတယ်။ အဆိုပါလူငယ် ပရိသတ်ဟာ အာဂျင်တီးနား အင်္ကျီကို ဝတ်ဆင်ထားခဲ့ပြီး မက်ဆီ့ရှေ့အရောက် ဒူးထောက်ထိုင်ချလိုက်တာပါ။ မက်ဆီက ဆွဲယူထူပွေ့ပြီး အဆိုပါပရိသတ်ကို ဖက်လှဲတကင်း ပြန်လည်နှုတ်ဆက်ကာ အမှတ်တရ လက်မှတ်ထိုးပေးခဲ့ကြောင်း တွေ့ရပါတယ်။

play

 

ပြီးခဲ့တဲ့ တစ်ပတ်ကလည်း ပေါ်တူဂီအသင်း ပါဝင်နေတဲ့ ယူရိုပြိုင်ပွဲမှာ ပရိသတ်တစ်ဦး ကွင်းထဲဝင်လာပြီး ရော်နယ်ဒိုနဲ့ ဓာတ်ပုံရိုက်ခွင့်ရဖို့ ကြိုးစားခဲ့တာအောင်မြင်သွားခဲ့ပါတယ်။ အရေးကြီးပွဲစဉ် ကစားနေတုန်းမှာ ကွင်းထဲ အတင်းဝင်လာတဲ့ ပရိသတ်အပေါ် စိတ်ရှည်သီးခံခဲ့တဲ့ မက်ဆီ့ကိုလည်း လူမှုကွန်ရက် အသုံးပြုသူတွေက ချီးကျူးပြောဆိုကြပါတယ်။

Source : USA Today

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ