International: ရော်နယ်ဒိုပြောခဲ့ဖူးတဲ့ အငြင်းပွားဖွယ် စကား (၄) ခွန်း

, updated

အငြင်းပွားဖွယ်ရာ စကာေးတွကို ရော်နယ်ဒို မကြာခဏ ပြောလေ့ရှိပါတယ်။

play

 

ယူရိုပြိုင်ပွဲ အုပ်စုအဖွင့်ပွဲမှာ ပေါ်တူဂီအသင်းက အိုက်စလန်ကို ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပြီးနောက် ပြိုင်ဘက်အသင်းအပေါ် ရော်နယ်ဒိုရဲ့ မှတ်ချက်ဟာ ဝေဖန်မှု များစွာ ရင်ဆိုင်ခဲ့ရပါတယ်။ သရေကျခြင်းကို ချန်ပီယံဖြစ်သလို အောင်ပွဲခံနေတယ်ဆိုတဲ့ စကားကြောင့် ရော်နယ်ဒိုရဲ့ မှတ်ချက်အပေါ် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

အခြားသူတွေအပေါ် အငြင်းပွားဖွယ် မှတ်ချက်မျိုးတွေ ရော်နယ်ဒို ပြောလေ့ရှိတာ အခုမှ မဟုတ်ပါဘူး။ ပရော်ဖက်ရှင်နယ် ကစားသမားဘဝတစ်လျှောက် ရော်နယ်ဒို လူသိရှင်ကြားထုတ်ပြောခဲ့တာတွေထဲက မှတ်မှတ်ရရ အငြင်းပွားဖွယ် စကား (၄) ခွန်းရှိခဲ့ပါတယ်။

၁။ အိုက်စ်လန်နှင့် ပွဲအပြီး မှတ်ချက်

play

 

" ပေါ်တူဂီနဲ့ သရေကျတာ သူတို့က ယူရိုချန်ပီယံဖြစ်သွားသလို အောင်ပွဲခံနေကြတယ်။ ပွဲကို ကျွန်တော်တို့က ကြိုးစားပန်းစား ကစားခဲ့ပေမဲ့ သူတို့ကတော့ တစ်ချိန်လုံး ပိတ်ကစားဖို့ပဲ ပြင်နေကြတယ်။ စိတ်ဓာတ်သေးသိမ်မှုကို ပြလိုက်တာပါပဲ။ သူတို့က ဘာမှကြိုးစားချင်စိတ်မရှိပေမဲ့ ပေါ်တူဂီကတော့ အနိုင်ရဖို့ ကြိုးစားကစားခဲ့ပါတယ်။"

၂။ အသလက်တီကိုအသင်းကို ရှုံးနိမ့်ပြီးနောက် မှတ်ချက်

play

 

" အသင်းသားတွေအားလုံး ကျွန်တော့်လောက် ကောင်းမယ်ဆိုရင် ကျွန်တော်တို့က ဦးဆောင်သူ ဖြစ်နိုင်ပါတယ်။ ကျွန်တော်သူများကို မလေးမစား ပြောတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အကောင်းဆုံး ကစားသမားတွေ မရှိတဲ့အခါ အနိုင်ရဖို့ ခက်ပါတယ်။ ဘင်ဇီမား၊ ဘေးလ်၊ မာဆယ်လိုတို့နဲ့ ကစားရတာ ကျွန်တော် ကြိုက်ပါတယ်။ ဒီလိုပြောလို့ လူးကပ်စ်၊ ဂျီဆေးနဲ့ ကိုဗာဆစ် (ရီးရဲလ်မက်ဒရစ် ကစားသမားများ) တို့ကို မကောင်းဘူး ပြောတာမဟုတ်ပါဘူး။ သူတို့က ကစားသမားကောင်းတွေပါ။ ဒါပေမဲ့ မတူပါဘူး။

၃။ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ချက်

play

 

" လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်အတွင်း ကစားသမားတွေထဲမှာ ကျွန်တော့်ကိုယ် ကျွန်တော် ဘယ်အဆင့်မှာ ထားမလဲဟုတ်လား။ ကျွန်တော်ရထားတဲ့ အောင်မြင်မှုတွေနဲ့ ပြောရရင် အကောင်းဆုံးတွေထဲမှာ ကျွန်တော်အကောင်းဆုံးလို့ ထင်တယ်။ အကောင်းဆုံး ကစားသမားတွေက သူတို့ရဲ့ နယ်ပယ်ထဲမှာ အတန်အသင့် သက်ရောက်မှုဖြစ်အောင် လုပ်နိုင်ကြတယ်မလား။ ကျွန်တော်လည်း ဒါတွေလုပ်နိုင်ခဲ့တယ် ထင်တာပဲ။ အမြင့်ဆုံး စွမ်းဆောင်ရည်ရအောင် ကျွန်တော်ခက်ခက်ခဲခဲ ကြိုးစားခဲ့ပါတယ်။"

၎။ မန်ယူအသင်း ကစားသမားဖော်များအပေါ် မှတ်ချက်

play

 

"ဘောလုံးအသင်းမှာ သူငယ်ချင်းကောင်းရှိဖို့က အရေးကြီးတယ်ဟုတ်လား။ ကျွန်တော်မန်ယူအသင်းမှာ ချန်ပီယံလိဂ်ဖလားလည်း ရခဲ့ဖူးတယ်။ ကျွန်တော် ပေါလ်စခိုးလ်၊ ဖာဒီနန်နဲ့ ရိုင်ယန်ရစ်တို့ကို စကားမပြောခဲ့ဘူး။"

ှSource : Bleacher Report

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ