International: ကစားသမားဘဝ ကုန်ဆုံးချိန်အထိ ဂါရက်ဘေးလ်ကို ရီးရဲလ်မက်ဒရစ် စာချုပ်ချုပ်မည်

, updated

ကမ္ဘာ့လုပ်ခလစာ အများဆုံး ကစားသမားစာရင်းထဲမှာ ဂါရက်ဘေးလ် ပါဝင်လာတော့မှာပါ။

play

 

ဝေးလ်အသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ ဂါရက်ဘေးလ်ကို ရီးရဲလ်မက်ဒရစ်က ကစားသမား ဘဝ ကုန်ဆုံးတဲ့အချိန် ရောက်တဲ့အထိ စာချုပ်ချုပ်ဆိုသွားမှာ ဖြစ်တယ်လို့ ဒေးလီးမေးလ်သတင်းစာက ဖော်ပြပါတယ်။ စာချုပ်သစ် ထပ်မံချုပ်ဆိုမှုနဲ့အတူ ဂါရက်ဘေးလ်ဟာ ရော်နယ်ဒို၊ မက်ဆီတို့လောက် လစာများဦးမှာ မဟုတ်ပေမဲ့ ကမ္ဘာ့လစာ အများဆုံး ကစာသမားတွေထဲက တစ်ဦး ဖြစ်လာတော့မှာပါ။

play

 

လက်ရှိမှာ အသက် ၂၆ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဂါရက်ဘေးလ်ကို ရီးရဲလ်မက်ဒရစ်ဘက်က နောက်ထပ် ၇ နှစ်သက်တမ်းရှိတဲ့စာချုပ်သစ်တစ်ရပ် ထပ်မံ ချုပ်ဆိုမယ်လို့ သိရပါတယ်။ အဲဒါကြောင့် အနည်းဆုံး အသက် ၃၃ နှစ်အရွယ်ထိ ဂါရက်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းမှာ ရှိနေတော့မှာပါ။ ကမ္ဘာ့ပြောင်းရွှေ့ကြေးအများဆုံး ကစားသမား စံချိန်ကိုရရှိထားတဲ့ ဂါရက်ဘေးလ်က တစ်ချိန်မှာ ရီးရဲလ်မက်ဒရစ်ရဲ့  လစာအများဆုံး ကစားသမားလည်း ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။

play

 

လက်ရှိယူရိုပြိုင်ပွဲမှာ သုံးဂိုးသွင်းယူထားတဲ့ ဂါရက်ဘေးလ်ဟာ ပြိုင်ပွဲပြီးဆုံးရင် မက်ဒရစ်ကိုပြန်ပြီး ကာလရှည် ချုပ်ဆိုမယ့် စာချုပ်အတွက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ