International: ဥရောပဖလားမှာ ပွဲထွက်အများဆုံး ကစားသမားဖြစ် ရော်နယ်ဒို စံချိန်သစ်တင်

ဥရောပဖလားပြိုင်ပွဲမှာ လက်ရွေးစင်အသင်းနဲ့အတူ ၁၇ ပွဲမြောက် ပွဲထွက်ကစားသူ ဖြစ်လာပါတယ်။

play

 

ပေါ်တူဂီ ဘောလုံးကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုက ဥရောပဖလား ဘောလုံးပြိုင်ပွဲမှာ ပွဲအများဆုံး ပါဝင်ကစားခဲ့သူအဖြစ် စံချိန်သစ်တင်လိုက်နိုင်ပြီ ဖြစ်ပါတယ်။

play


ဇွန်လ ၂၂ ရက် ညပိုင်းက ယူရို ၂၀၁၆ ပြိုင်ပွဲရဲ့ အုပ်စု (F) နောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားတဲ့ ဟန်ဂေရီနဲ့ပွဲစဉ်မှာ ရော်နယ်ဒို ပါဝင်ကစားခဲ့ပြီးနောက် ဥရောပဖလားပြိုင်ပွဲမှာ လက်ရွေးစင်အသင်းနဲ့အတူ ၁၇ ပွဲမြောက် ပွဲထွက်ကစားသူ ဖြစ်လာပါတယ်။

play


ယခင်က ဥရောပဖလားပြိုင်ပွဲမှာ ပွဲထွက်အများဆုံး ကစားသမားတွေအဖြစ် ပြင်သစ်နောက်ခံလူ လီလီသူယမ်နဲ့ နယ်သာလန်ဂိုးသမား ဗန်ဒါဆားတို့က ၁၆ ပွဲပါဝင်ကစားပြီး စံချိန်တင်ထားခဲ့ပါတယ်။

play


ဒါ့အပြင် ရော်နယ်ဒိုဟာ နိုင်ငံလက်ရွေးစင် အသင်းနဲ့အတူ နိုင်ငံတကာပွဲအများဆုံး ပါဝင်ကစားတဲ့ ပေါ်တူဂီကစားသမားအဖြစ်လည်း ပြီးခဲ့တဲ့ သြစတြီးယားနဲ့ပွဲစဉ်မှာ စံချိန်တင်ခဲ့ပါသေးတယ်။ ယူရို ၂၀၁၆ ပြိုင်ပွဲ သြစတြီးယားနဲ့ပွဲစဉ်ဟာ ပေါ်တူဂီအသင်းနဲ့အတူ ရော်နယ်ဒို ပါဝင်ကစားတဲ့ ၁၂၈ ပွဲမြောက် နိုင်ငံတကာပွဲစဉ် ဖြစ်ပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ