International: ကိုပါအမေရိက ဆီမီးဖိုင်နယ်ပွဲစဉ် ရာသီဥတုဆိုးရွားမှုကြောင့် ခေတ္တရပ်ဆိုင်းခဲ့ရ

ရာသီဥတုအခြေအနေကတော့ မိုးတွေသည်းသည်းမည်းမည်း ရွာနေတာဖြစ်ပါတယ်။

play

 

လက်ရှိကစားနေတဲ့ ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်၊ ကိုလံဘီယာအသင်းနဲ့ ချီလီအသင်းတို့ရဲ့ပွဲစဉ်ကို ရာသီဥတုဆိုးရွားမှုကြောင့် ရပ်ဆိုင်းထားရပါတယ်။ ပထမပိုင်းအပြီးမှာ ဆိုးရွားလာတဲ့ ရာသီဥတုကြောင့် ဒုတိယပိုင်းကစားဖို့ကို ရပ်ဆိုင်းထားရတာပါ။ ချီကာဂိုမြို့ရဲ့ရာသီဥတုအခြေအနေကတော့ မိုးတွေသည်းသည်းမည်းမည်း ရွာနေတာဖြစ်ပါတယ်။

play

 

ချီကာဂိုစံတော်ချိန် ည ၁၁ နာရီမှာ ပွဲကို ပြန်လည်ကစားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ ပရိသတ်တွေကိုလည်း အမိုးအကာအောက်မှာနေကြဖို့ ကွင်းထဲမှာ သတိပေးထားပါတယ်။

play
ကွင်းပြင်မှာစောင့်ဆိုင်းနေကြတဲ့ ပရိသတ်အချို့

 

ပထမပိုင်းအပြီးမှာ ချီလီအသင်းက ၂ ဂိုး သွင်းယူထားပြီးပါပြီ။ ပွဲကစားချိန် ၇ မိနစ်နဲ့ ၁၁ မိနစ်မှာ ဦးဆောင်ဂိုးတွေသွင်းထားတဲ့ ချီလီအသင်းဟာ ဒီပွဲနိုင်ရင်တော့ ဖိုင်နယ်မှာ အာဂျင်တီးနားအသင်းနဲ့ တွေ့ရမှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ