International: ဂျာနယ်လစ်၏ မိုက်ခရိုဖုန်းကို ဆွဲယူလွှင့်ပစ်ခဲ့သည့် ရော်နယ်ဒို

ဂျာနယ်လစ်ရဲ့ မေးခွန်းကို ဘာမှပြန်မဖြေပဲ ဒီလို လုပ်ခဲ့တာပါ။

 

ပေါ်တူဂီအသင်းနဲ့အတူ ယူရိုပြိုင်ပွဲယှဉ်ပြိုင်နေတဲ့ အသင်းခေါင်းဆောင် ရော်နယ်ဒိုက အင်တာဗျူးလုပ်တဲ့ ဂျာနယ်လစ်ရဲ့ မေးခွန်းကို မဖြေချင်တာကြောင့် ဂျာနယ်လစ်လက်ထဲက မိုက်ခရိုဖုန်းကို လုယူပြီး ရေကန်ထဲ လွှင့်ပစ်လိုက်ပါတယ်။ ဟန်ဂေရီနဲ့ ကစားမယ့် အုပ်စုနောက်ဆုံးပွဲ မတိုင်ခင်မှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။

play

 

ဟန်ဂေရီနဲ့ ယှဉ်ပြိုင်ရမယ့်နေ့မှာ ပေါ်တူဂီအသင်း လက်ရွေးစင် ကစားသမားတွေ မနက်ပိုင်း ရေကန်ဘေး လမ်းလျှောက်နေစဉ်မှာ ဂျာနယ်လစ်က ရော်နယ်ဒိုကို မေးမြန်းခဲ့တာဖြစ်ပါတယ်။ " ဒီနေ့ပွဲအတွက် ခင်ဗျား အဆင်သင့်ဖြစ်ပြီလား"  လို့ ဂျာနယ်လစ်က မေးလိုက်တဲ့အချိန်မှာ ရော်နယ်ဒိုက ဘာမှ ပြန်မဖြေပဲ မိုက်ကို ဆွဲယူလွှင့်ပစ်လိုက်တာဖြစ်ပါတယ်။

play

 

အဲဒီနောက် ဘာမှပြန်မပြောပဲ ရော်နယ်ဒိုက လမ်းဆက်လျှောက်သွားခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီအသင်းက အုပ်စုနောက်ဆုံးပွဲမှာ ဟန်ဂေရီအသင်းနဲ့ ကစားတဲ့ အချိန်ထိ နိုင်ပွဲမရပဲ သရေပွဲတွေသာ ရခဲ့လို့  ဖိအားများနေတဲ့ အသင်းဖြစ်ပါတယ်။

 ဒါပေမယ့် သုံးမှတ်ရခဲ့လို့ အကောင်းဆုံး တတိယအသင်းတွေထဲ ပါဝင်ခဲ့ပြီး ၁၆ သင်းအဆင့် တက်ခွင့်ရခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ