International: ပရိသတ်များကို အံ့အားသင့်စေခဲ့သည့် ယူရိုပြိုင်ပွဲ အုပ်စုအဆင့်မှ အဖြစ်အပျက် (၅) ခု

ပရိသတ်တွေ မျှော်လင့်ထားသလို ဖြစ်လာတာကို အုပ်စုအဆင့်မှာတင် ကြုံခဲ့ရပါတယ်။

play

 

ယူရိုချန်ပီယံရှစ် ၂၀၁၆ ဘောလုံးပြိုင်ပွဲက အုပ်စုအဆင့်တွေပြီးဆုံးလို့ ၁၆ သင်းရှုံးထွက်အဆင့်ကို ရောက်နေပြီဖြစ်ပါတယ်။ လေးနှစ်တစ်ခါ ကျင်းပတဲ့ ဒီလိုပြိုင်ပွဲမျိုးတွေဟာ ပရိသတ် မထင်ထားတွေ ဖြစ်လာလေ့ရှိတဲ့အတိုင်း ဒီနှစ်လည်း ဖြစ်လာခဲ့ပြန်ပါတယ်။

အုပ်စုပွဲစဉ်တွေအတွင်း ပရိသတ်ကို အံ့အားသင့်စေခဲ့တဲ့ ဖြစ်ရပ် (၅) ခုရှိပါတယ်။

၁။ ပေယက်

play

 

ဝက်စ်ဟမ်းအသင်းအတွက် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အားကိုးရတဲ့ ကစားသမားပေယက်ကို ပြင်သစ်အသင်းနဲ့ ဒီလောက်အထိ တောက်ပလိမ့်မယ်လို့ မထင်ခဲ့ကြပါဘူး။ အိမ်ရှင်ပြင်သစ်အသင်းမှာ အုပ်စုပွဲစဉ်တွေအပြီး ပေယက်ရဲ့ခြေစွမ်းက အဓိက ကစားသမားဖြစ်တယ်ဆိုတာကို ပြသနေပါတယ်။ အဖွင့်ပွဲမှာလည်း အနိုင်ဂိုးသွင်းပေးခဲ့သူဖြစ်ပါတယ်။ ပြင်သစ်အသင်းရဲ့ နောက်လာမယ့်ပွဲစဉ်တွေမှာလည်း ပေယက်က အဓိကစောင့်ကြည့်ရဦးမယ့် ကစားသမားဖြစ်ပါတယ်။

၂။ မြောက်အိုင်ယာလန်

play

 

မြောက်အိုင်ယာလန်အသင်း ယူရိုခြေစစ်ပွဲအောင်မြင်လာတာကိုတောင် အများစုက အံ့သြနေကြတာပါ။ အခုတော့ ၁၆ သင်းရှုံးထွက်အဆင့်ကို အကောင်းဆုံး အုပ်စုတတိယအသင်းအနေနဲ့ တက်လာပါတယ်။ ယူကရိန်နဲ့ပွဲမှာ ဂိုးသွင်းပေးခဲ့တဲ့ ကစားသမား မက္ကဂိုဗင်က အသင်းလက်မဲ့ ဖြစ်နေတဲ့ ကစားသမားပါ။

၃။ အီတလီကို အိုင်ယာလန် အနိုင်ရခြင်း

play

 

အုပ်စုနောက်ဆုံးပွဲမှာ အီတလီကိုအိုင်ယာလန်က အနိုင်ယူခဲ့တာတွေ့ရပါတယ်။ ဟန်ဂေရီကို သုံးဂိုးပြတ် ရှုံးခဲ့ပေမယ့် ဆွီဒင်ကိုသရေကစားပြီး အီတလီကို အနိုင်ကစားခဲ့တဲ့ အိုင်ယာလန်ရဲ့ ခြေစွမ်းကလည်း အထင်ကြီးစရာဖြစ်ခဲ့လို့ ပရိသတ်အံ့အားသင့်ခဲ့ရပါတယ်။

၎။ အိုက်စလန်

play

 

ပြိုင်ပွဲကြီးတွေမှာ ဘယ်တုန်းကမှ အစဉ်အလာမရှိဖူးတဲ့ အိုက်စလန်အသင်းက ရှုံးပွဲမရှိကစားပြီး နောက်ဆုံး ၁၆ သင်းအဆင့်ကို တက်ရောက်သွားပါတယ်။ လူဦးရေ သုံးသိန်းကျော်သာရှိတဲ့ အိုက်စလန်က ပေါ်တူဂီ၊ ဟန်ဂေရီတို့ကို သရေကစားပြီး သြစတြီးယားကို အနိုင်ကစားခဲ့လို့ အံအားသင့်စရာ ဖြစ်ခဲ့ရပါတယ်။

၅။ အီတလီ

play

 

ထူးထူးခြားခြား ဒီနှစ်မှာ ကြယ်ပွင့်ကစားသမား နည်းပါးတဲ့ အီတလီအသင်းက ပြိုင်ပွဲမှာ ရုန်းကန်ရမယ်လို့ တွက်ဆခဲ့ကြပါတယ်။ ပရီးမီးယားလိဂ် အသင်းတွေရဲ့ ကြယ်ပွင့်ကစားသမားတွေချည်းစုနေတဲ့ ဘယ်လ်ဂျီယံကို အီတလီက အဖွင့်ပွဲမှာပဲ သက်သောင့်သက်သာအနိုင်ယူခဲ့ပါတယ်။ အီတလီက အုပ်စု ပထမတောင်အေးအေးဆေးဆေး ကစားပြီး ရခဲ့တာပါ။

Source : 90 Minutes

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ