International: ရော်နယ်ဒိုကို စိတ်ကြိုက်ကစားခွင့် မပေးဟု ခရိုအေးရှား နည်းပြပြော

ယနေ့ည ကစားမယ့်ပွဲစဉ်အတွက် ခရိုအေးရှားနည်းပြက ရော်နယ်ဒိုကို သတိပေး ပြောကြားလိုက်ပါတယ်။

play

 

ယူရို ၁၆ သင်းအဆင့်မှာ ပေါ်တူဂီအသင်းနဲ့ တွေ့ဆုံရမယ့် ခရိုအေးရှားအသင်းရဲ့ နည်းပြကာဆစ်က မိမိတို့ အသင်းမှာ ရော်နယ်ဒိုကို ရင်ဆိုင်ဖို့ အကောင်းဆုံး ခံစစ်ကစားနိုင်ဖို့လိုကြောင်း ပွဲမတိုင်ခင် ပြောကြားလိုက်ပါတယ်။

ဟန်ဂေရီအသင်းနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ရော်နယ်ဒို တစ်ကွင်းလုံးမွှေနှောက်ကစားခဲ့ပြီး နှစ်ဂိုးသွင်းခဲ့သ လို မိမိတို့နဲ့ ပွဲစဉ်မှာ ဖြစ်လာမှာ မဟုတ်ဘူးလို့ နည်းပြ ကာဆစ်က ပြောကြားလိုက်ပါတယ်။ ရော်နယ်ဒိုရဲ့ ထိုးဖောက်မှုကို တားဆီးနိုင်လောက်တဲ့ ခံစစ်မျိုး ခရိုအေးရှားမှာ ပိုင်ဆိုင်ထားတယ်လို့ ကာဆစ်ကပြောပါတယ်။ ရော်နယ်ဒို ကစားချင်တဲ့ စိတ်ကြိုက်ပုံစံမျိုး မရအောင်လည်း ကြိုးစားကြဖို့ ခရိုအေးရှား ကစားသမားတွေကို ကာဆစ်က တိုက်တွန်းလိုက်ပါတယ်။

play

 

" ရော်နယ်ဒို ဘယ်လောက်ကောင်းကြောင်း သက်သေပြဖို့ ကျွန်တော်တို့နဲ့ပွဲမှာ ခွင့်မပြုနိုင်ပါဘူး။ သူတို့က အသင်းကောင်းဖြစ်သလို တစ်ဦးချင်းခြေစွမ်းလည်း ကောင်းပါတယ်။ ရော်နယ်ဒိုကို ကောင်းကောင်းတားဆီးနိုင်မယ့် ခံစစ်မျိုး ကျွန်တော်တို့ရဖို့လိုပါတယ်" လို့ နည်းပြကာဆစ်က ပြောပါတယ်။ ခရိုအေးရှားနဲ့ ပေါ်တူဂီအသင်းက ၁၆ သင်းအဆင့်ပွဲစဉ်ကို ဇွန်လ ၂၆ ရက် မြန်မာစံတော်ချိန် နံနက် ၁း၃၀ နာရီမှာ ကစားကြမှာပါ။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ