International: ပထမဆုံး ရင်သွေးလွယ်ထားရပြီဖြစ်တဲ့ ပြင်သစ်နောက်ခံကစားသမား၏ ချစ်သူ

ပြင်သစ်နောက်ခံကစာသမား ရေမီအတွက်တော့ ဒီနှစ်က အောင်မြင်မှုတွေ ဆက်တိုက်ရတဲ့နှစ် ဖြစ်လာနိုင်ပါတယ်။

 

ဆီဗီးလ်အသင်းရဲ့ ပြင်သစ်လက်ရွေးစင် နောက်ခံကစားသမား အဒီးလ်ရေမီရဲ့ချစ်သူဟာ ပထမဆုံး ကိုယ်ဝန်လွယ်ထားရပြီဖြစ်ကြောင်း သိရပါတယ်။ နောက်ခံလူ ရေမီရဲ့ ပြင်သစ်အသင်းကလည်း ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ကို တက်ရောက်ထားပြီး အောင်မြင်မှုရဖို့ ရေပန်းစားလျှက်ရှိပါတယ်။

 

ရေမီရဲ့ချစ်သူ ဆိုင်ဒိုနီက မော်ဒယ်ဟောင်းတစ်ဦးအဖြစ်လည်း ပရော်ဖက်ရှင်နယ်အလုပ်ကို လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပါတယ်။ ပြင်သစ်အသင်း လက်ရွေးစင် ကစားသမားတွေရဲ့ Wags တွေထဲမှာ အလှဆုံးချစ်သူအဖြစ်လည်း ပရိသတ်တွေရဲ့ သတ်မှတ်ထားခြင်းကို ခံထားရသူဖြစ်ပါတယ်။

 

 ပြင်သစ်အသင်းနဲ့သာ အောင်မြင်မှု ရခဲ့ဦးမယ်ဆိုရင် ရေမီအတွက် ဒီနှစ်ဟာ အောင်မြင်မှုနဲ့ စိတ်ချမ်းသာမှုတွေ ပြည့်ခဲ့တဲ့ နှစ်လို့ ဆိုရမှာပါ။

 

ဆီဗီးလ်အသင်းနဲ့အတူ ယူရိုပါလိဂ်ဖလားကိုလည်းရခဲ့ပြီး ဖခင်တစ်ဦးလည်း မကြာခင် ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ ရေမီနဲ့ ချစ်သူ ဆိုင်ဒိုနီတို့ဟာ လွန်ခဲ့တဲ့ ငါးနှစ်က တွေ့ဆုံခဲ့ကြတာပါ။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ