International: ယနေ့ည ကစားမည့် ခရိုအေးရှား - ပေါ်တူဂီပွဲ မကြည့်ခင် သိထားသင့်သည့် အချက်များ

ထိပ်တိုက်တွေ့ဆုံမှုမှာတော့ ပေါ်တူဂီကတော့ အမြဲအသာစီး ရထားပါတယ်။

play

 

ယနေ့ညမှာ ယူရိုချန်ပီယံရှစ် ၂၀၁၆ ၁၆ သင်းအဆင့်ပြိုင်ပွဲတွေ စတင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဝေးလ်နဲ့ မြောက်အိုင်လန်တို့ တွေ့ဆုံမယ့်ပွဲလည်း  ရှိသလို ဆွစ်ဇာလန်နဲ့ ပိုလန် တွေ့ရမယ့်ပွဲလည်း ရှိပါတယ်။

စိတ်ဝင်စားစရာ အကောင်းဆုံး ပွဲစဉ်ကတော့ ခရိုအေးရှားနဲ့ ပေါ်တူဂီတွေ့ရမယ့် ပွဲဖြစ်ပါတယ်။ ခရိုအေးရှားနဲ့ ပေါ်တူဂီပွဲမကြည့်ခင် သိထားသင့်တဲ့ အချက်တွေရှိပါတယ်။

စိတ်ဝင်စားဖွယ် အချက်အလက်

play

 

ခရိုအေးရှားဟာ ယူရိုပြိုင်ပွဲမှာနောက်ဆုံး ပြိုင်ပွဲနှစ်ခုဆက်တိုက် အုပ်စုအဆင့်က လှည့်ပြန်ရတဲ့ အသင်းဖြစ်ပါတယ်။ ပေါ်တူဂီကတော့ ယူရိုပြိုင်ပွဲဆို အစဉ်အလာကောင်းလေ့ရှိပါတယ်။ ကွာတားဖိုင်နယ်အဆင့်ကိုတော့ အမြဲတမ်းရောက်လေ့ရှိပါတယ။် (ယခင်ပြိုင်ပွဲများတွင် အုပ်စုအဆင့်ပြီးသည်နှင့် ကွာတားဖိုင်နယ် ကစားရသည်)

စောင့်ကြည့်ရမည့် ကစားသမား

play

 

ပေါ်တူဂီမှာ စောင့်ကြည့်ရမယ့် ကစားသမားက ရော်နယ်ဒိုနဲ့ နာနီဖြစ်တယ်ဆိုတာ အကုန်သိကြပါတယ်။ ခရိုအေးရှားဘက်မှာ စောင့်ကြည့်ရမယ့် ကစားသမား တစ်ယောက်ရှိပါတယ်။ စပိန်အသင်းကို အနိုင်ရတဲ့ ပွဲစဉ်မှာ ခရိုအေးရှားအတွက် ခြေစွမ်းပြကစားခဲ့တဲ့ ပယ်ရီဆစ်ဟာ အဓိက စောင့်ကြည့်ရမယ့် ကစားသမားပါ။ ရော်နယ်ဒိုနဲ့ ပေါ်တူဂီကို ပယ်ရီဆစ်က ဒုက္ခပေးနိုင်ပါတယ်။

နောက်ဆုံးတွေ့ဆုံမှု

play

 

ပေါ်တူဂီနဲ့ ခရိုအေးရှားအသင်းဟာ ယူရိုချန်ပီယံရှစ် ပြိုင်ပွဲမှာ တစ်ကြိမ်တွေ့ခဲ့ဖူးပါတယ်။ ၁၉၉၆ ခုနှစ်တုန်းကဖြစ်ပြီး အဲဒီတုန်းကလည်း ခရိုအေးရှား ရှုံးခဲ့သလို နောက်ပိုင်း ခြေစမ်းပွဲ နှစ်ပွဲတွေ့ရမှာလည်း ခရိုအေးရှား ရှုံးထားပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုမှာတော့ ပေါ်တူဂီက အသာစီးရထားပါတယ်။

နောက်တဆင့်တွင် တွေ့မည့်အသင်း

play

 

ဒီနှစ်သင်း တွေ့ကြမယ့် ၁၆ သင်းရှုံးထွက်အဆင့်ပြီးတဲ့အခါ နောက်တဆင့်မှာ ပိုလန် သို့မဟုတ် ဆွစ်ဇာလန်နဲ့ တွေ့ကြရမှာဖြစ်ပါတယ်။ ဒီညမှာ ပိုလန်နဲ့ ဆွစ်ဇာလန်ပွဲကို အရင်ကစားမှာဖြစ်လို့ ဘယ်အသင်းနဲ့ တွေ့ရမလဲဆိုတာ ခရိုအေးရှား - ပေါ်တူဂီ ပွဲမစခင် သိရမှာပါ။

Source : Independent

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ