International: ခရိုအေးရှားကို ပေါ်တူဂီ အနိုင်ရပြီးနောက် ကွာတားဖိုင်နယ်တွင် ပိုလန်နှင့် တွေ့ရမည်

အချိန်ပိုမှာ သွင်းတဲ့ တစ်လုံးတည်းသောဂိုးနဲ့ ပေါ်တူဂီ ကွာတားဖိုင်နယ်တက်ခဲ့ပါတယ်။

play

 

ယူရိုချန်ပီယံရှစ် ၁၆ သင်းရှုံးထွက်အဆင့် ပွဲစဉ်တွေရဲ့ ပထမနေ့ ပွဲစဉ်တွေ ကစားပြီးနောက်မှာ ပေါ်တူဂီ၊ ဝေးလ်နဲ့ ပိုလန်အသင်းတို့ နောက်တဆင့် တက်ရောက်သွားခဲ့ကြပြီဖြစ်ပါတယ်။

play

 

ပေါ်တူဂီအသင်းက ခရိုအေးရှားအသင်းကို အချိန်ပိုမှာ သွင်းယူတဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရရပြီး နောက်တဆင့် တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ အသင်းအတွက် လူစားဝင်လာတဲ့ ကွာရက်စ်မာက အချိန်ပို ၁၁၇ မိနစ်အရောက်မှာ အသင်းအတွက် အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

play

 

ခရိုအေးရှား အသင်းဘက်က ဒုတိယပိုင်းမှာ ဂိုးသွင်းဖို့ အနည်းဆုံး နှစ်ကြိမ် အခွင့်အရေးရခဲ့ပေမယ့် ဦးဆောင်ဂိုးရအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒီပွဲမှာလည်း ပေါ်တူဂီအနိုင်ရပြီးနောက်တဆင့် တက်တယ်ဆိုပေမယ့် ယှဉ်ပြိုင်ခဲ့ပြီးတဲ့ လေးပွဲစလုံးမှာ ပေါ်တူဂီဟာ မိနစ်ကိုးဆယ်အတွင်း အနိုင်ရတဲ့ပွဲစဉ် တစ်ပွဲမှ မရှိသေးပါဘူး။

play

 

ပေါ်တူဂီ ကစားသမား နာနီက ဒီပွဲပါဝင်ခွင့်ရလို့ လက်ရွေးစင်အတွက် ပွဲပေါင်းတစ်ရာပြည့်တဲ့ စတုတ္ထကစားသမားတစ်ဦး ဖြစ်လာပါတယ်။

play

 

အချိန်ပို ပြီးဆုံးဖို့ သုံးမိနစ်လောက် အလိုမှာ ရော်နယ်ဒို ကန်သွင်းလိုက်တဲ့ဘောလုံး ဂိုးသမားနဲ့ထိပြီး ပြန်ထွက်လာတာကို ကွာရက်ဇ်မာက အနီးကပ် ခေါင်းတိုက်ချလိုက်တာဖြစ်ပါတယ်။

ဝေးလ်အသင်းကလည်း မြောက်အိုင်ယာလန်အသင်းကို မက္ကအော်လေးရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ် တက်ခဲ့တာပါ။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ