International: ငိုကြွေးခဲ့တဲ့ လူကာမိုဒရစ်ကို ပွေ့ဖက်အားပေးခဲ့တဲ့ ရော်နယ်ဒို

ရှုံးနိမ့်သွားရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဖော် လူကာမိုဒရစ်ကို ရော်နယ်ဒိုက ပွေ့ဖက်နှစ်သိမ့်ပေးခဲ့တာပါ။

 

ယူရိုချန်ပီယံရှစ် ၁၆ သင်းရှုံးထွက်အဆင့်မှာ ပေါ်တူဂီအသင်းကို ရှုံးနိမ့်ပြီးနောက် ငိုကြွေးခဲ့တဲ့ ခရိုအေးရှား ကစားသမား မိုဒရစ်ကို ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုနဲ့ ပေပေတို့ကနှစ်သိမ့်ပွေ့ဖက် အားပေးခဲ့ကြပါတယ်။ သူတို့ သုံးဦးက ရီးရဲလ်မက်ဒရစ် အသင်းဖော်တွေဖြစ်တဲ့အတွက် ရော်နယ်ဒိုက မိုဒရစ်ကို ရှုံးပွဲအတွက် ပွဲအပြီးမှာ နှစ်သိမ့်အားပေးခဲ့တာဖြစ်ပါတယ်။

 

အချိန်ပိုအရောက်မှာ ရုတ်တရက် တန်ပြန်တိုက်စစ်မိပြီး ကွာရက်ဇ်မာရဲ့ဂိုးကို ခရိုအေးရှား ခွင့်ပြုပေးလိုက်ရလို့ ရှုံးပွဲတွေ့ခဲ့တာဖြစ်ပါတယ်။ အိုက်စလန်နဲ့ အုပ်စုပွဲစဉ်အပြီးမှာ ပြိုင်ဘက်အသင်းကို ချိုးချိုးနှိမ်နှိမ် မှတ်ချက်ပေးတဲ့ လုပ်ရပ်ကြောင့် ရော်နယ်ဒို ဝေဖန်ခံခဲ့ရပေမယ့် အခု ဒီလုပ်ရပ်အတွက် ပြန်လည်ချီးကျူးခံနေရပါတယ်။

 

ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းက ကွာတားဖိုင်နယ်မှာ ပိုလန်နဲ့ တွေ့ရမှာ ဖြစ်ပါတယ်။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ