International: ရာပြည့် ကိုပါအမေရိက တတိယလုပွဲတွင် အမေရိကန်ကို ကိုလံဘီယာ အနိုင်ရ

၂၀၀၁ ခုနှစ်နောက်ပိုင်း ကိုလံဘီယာအသင်းအတွက် အောင်မြင်မှု အရဆုံး အခြေအနေ ဖြစ်ခဲ့ပါတယ်။

play

 

ရာပြည့် ကိုပါအမေရိကဖလား ပြိုင်ပွဲတတိယနေရာ လုပွဲ ကစားခဲ့ပြီးတဲ့နောက် ကိုလံဘီယာအသင်းက အမေရိကန်အသင်းကို တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ပထမပိုင်းမှာကတည်းက သွင်းယူထားတဲ့ ဂိုးနဲ့ နိုင်ပွဲရခဲ့တာဖြစ်လို့ အိမ်ရှင်အမေရိကန် ရှုံးပွဲတွေ့ခဲ့တဖြစ်ပါတယ်။

play

 

ပထမပိုင်း ပွဲချိန် ၃၁ မိနစ်မှာ ကိုလံဘီယာကွင်းလယ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်က ဂိုးရှေ့ချပေးလိုက်တဲ့ ဘောလုံးကို အေရီးရက်စ် ခေါင်းတိုက်ပြန်ချပေးလိုက်လို့ ဘက်ကာက ပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ကိုလံဘီယာအသင်း တတိယ ရခဲ့တာကြောင့် ၂၀၀၁ ခုနှစ်နောက်ပိုင်း လက်ရွေးစင်အသင်းအတွက် အအောင်မြင်မှု အခြေအနေကို ပြန်ရခဲ့ပါတယ်။ ပွဲချိန် မိနစ် ၉၀ အတွင်း အမေရိကန်အသင်းရော ကိုလံဘီယာအသင်းပါ ဂိုးသွင်းဖို့ အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးချနိုင်ခြင်းမရှိခဲ့ပါဘူး။

play

 

ပွဲပြီးခါနီးမှာ အမေရိကန်ကစားသမား အိုရော့ဇ်ကိုရဲ့ ကစားသမားမပီသတဲ့ လုပ်ရပ်ကြောင့် ကွင်းလယ်ဒိုင်က အနီကတ်ပြ ထုတ်ပယ်ခဲ့ပါတယ်။ အိုရော့ဇ်ကိုနဲ့ အချင်းများခဲ့တဲ့ ကိုလံဘီယာ ကစားသမား အေရီးရက်စ်ကိုလည်း ကွင်းလယ်ဒိုင်က ထုတ်ပယ်ခဲ့ပါသေးတယ်။

Source : The Guardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ