International: ဗိုလ်လုပွဲတွင် ပင်နယ်တီ လွဲပြီးနောက် အာဂျင်တီးနား လက်ရွေးစင် ဘဝမှ မက်ဆီ အနားယူ

ဒီဆုံးဖြတ်ချက်ကို ကြိုပြီးဆုံးဖြတ်ထားတာ ဖြစ်တယ်လို့ မက်ဆီက ပြောပါတယ်။

play

 

ကိုပါအမေရိကဖလား ဗိုလ်လုပွဲမှာ ချီလီအသင်းကို ရှုံးနိမ့်ပြီးနောက် အာဂျင်တီးနား လက်ရွေးစင်ဘဝက အနားယူတော့မှာ ဖြစ်ကြောင်း အာဂျင်တီးနား အသင်းကစားသမား မက်ဆီက အံ့အားသင့်ဖွယ် ပြောကြားလိုက်ပါတယ်။

play

 

ဗိုလ်လုပွဲမှာ ပင်နယ်တီလွဲပြီးနောက် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ငါးကြိမ်ရထားတဲ့ မက်ဆီက အခုလို ပြောခဲ့တာဖြစ်ကြောင်း Reuters သတင်းဌာနက ဖော်ပြထားတာပါ။ ကိုပါအမေရိကဖလား ဗိုလ်လုပွဲမှာ အာဂျင်တီးနားနဲ့ ချီလီအသင်း နှစ်ကြိမ်ဆက်တိုက် တွေ့ဆုံခဲ့တာဖြစ်ပြီး နှစ်ကြိမ်စလုံးမှာ ချီလီအသင်းသာ ချန်ပီယံဖြစ်ခဲ့ပါတယ်။

play

 

မက်ဆီရဲ့ ပင်နယ်တီ လွဲချော်ပြီးနောက် အာဂျင်တီးနား အသင်းက နောက်ဆုံးပင်နယ်တီကိုလည်း လွဲချော်ခဲ့တာကြောင့် ချီလီအသင်းချန်ပီယံဖြစ်ခဲ့တာပါ။ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ ဖလားအောင်မြင်မှု များစွာ ရထားပေမယ့် အာဂျင်တီးနားအသင်းနဲ့ အောင်မြင်မှု ကြီးကြီးမားမား မရသေးသူဖြစ်ပါတယ်။

play

 

"ဒီဆုံးဖြတ်ချက်ကို ကျွန်တော်ကြိုပြီး ချထားတာပါ" လို့ မက်ဆီက ပြောပါတယ်။

ှSource : India Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ