International: ကိုပါအမေရိက အကောင်းဆုံး ကစားသမားဆု ဆန်းချက်ဇ် ရရှိ

ချီလီအသင်းအတွက် ဆန်းချက်ဇ်က သုံးဂိုး သွင်းယူပေးနိုင်ခဲ့သူပါ။

play

 

ချီလီအသင်းကို ကိုပါအမေရိက ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ အသင်းကစားသမား ဆန်းချက်ဇ်က ကိုပါအမေရိက ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားပါတယ်။ အာဆင်နယ်ကစားသမား ဆန်းချက်ဇ်က ချီလီလက်ရွေးစင် အသင်းအတွက် ဒီပြိုင်ပွဲမှာ သုံးဂိုးသွင်းနိုင်ခဲ့ပြီး ချန်ပီယံဖြစ်ဖို့ ကူညီပေးခဲ့သူ ဖြစ်ပါတယ်။

play

 

အခြား  ချီလီအသင်းကစားသမားဖြစ်တဲ့ ဗားဂတ်စ်က ဆန်းချက်ဇ်ထက် ဂိုးပိုသွင်းနိုင်ခဲ့ပေမယ့် ဆန်းချက်ဇ်ရဲ့ စွမ်းဆောင်ရည်က အသင်းချန်ပီယံဖြစ်ဖို့ အဓိက ကျခဲ့တာကြောင့် ရွှေဘောလုံးဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် အသင်းရဲ့ တိုက်စစ်ပိုပြီး အားကောင်းလာအောင် ဆန်းချက်ဇ်က ကူညီပေးနိုင်ခဲ့လို့ ဒီဆုကို ရခဲ့တာပါ။

play

 

ချီလီအသင်းက သမိုင်းတစ်လျှောက် ကိုပါအမေရိက ဖလားကို နှစ်ကြိမ်မြောက် ရရှိခဲ့တာဖြစ်ပြီး အာဂျင်တီးနားကို ဗိုလ်လုပွဲနှစ်ကြိမ်ဆက်တိုက်အနိုင်ယူကာ ချန်ပီယံ ဖြစ်ခဲ့တာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ