International: အီတလီ - စပိန်ပွဲ မကြည့်ခင် သိထားသင့်သည့် အချက် (၄) ချက်

၂၀၁၂ ခုနှစ် ယူရိုဗိုလ်လုပွဲတုန်းက တွေ့ခဲ့တဲ့ နှစ်သင်း ပြန်တွေ့ကြတဲ့ ပွဲပါ။

play

 

ယူရိုချန်ပီယံရှစ် ၁၆ သင်းအဆင့် ပြိုင်ပွဲတွေက ပြီးဆုံးတော့မှာဖြစ်ပါတယ်။ ဒီနေ့ညမှာ ကစားကြမယ့် စပိန်နဲ့ အီတလီ၊ အင်္ဂလန်နဲ့ အိုက်စလန်ပွဲစဉ်တွေပြီးရင်တော့ ကွာတားဖိုင်နယ် ပွဲစဉ်တွေ အပြည့်အစုံ ထွက်လာတော့မှာပါ။

ဒီနေ့ ကစားမယ့် အီတလီနဲ့ စပိန်ပွဲစဉ် မတိုင်ခင် သိထားသင့်တဲ့ အချက် (၄) ချက်ရှိပါတယ်။

ဖြစ်နိုင်ဖွယ် လူစာရင်း

အီတလီ

play

 

ဂိုး - ဘူဖွန်။ နောက်တန်း - ဘာဇာဂလီ၊ ဘိုနုချီ၊ ချီလီနီ၊ အလယ်တန်း - ဖလောရန်ဇီ၊ ဒီရော့စီ၊ ဂီယာချီနီ၊ ဒါမီယန်၊ ရှေ့တန်း -  ပယ်လီ၊ အီဒါ

စပိန်

play

 

ဂိုး - ဒီဂီယာ၊ နောက်တန်း - ဂျူအန်ဖရန်၊ ပီကေး၊ ရာမို့စ်၊ ဘက်စ်ကွက်၊ အလယ်တန်း - ဖာဘရီဂတ်စ်၊ ဆေးလ်ဗား၊ အင်နီယေစတာ၊ နိုလီတို၊ ရှေ့တန်း -

မိုရာတာ

ပွဲကြို ပြောစကားများ

စပိန်နည်းပြ ဒဲလ်ဘော့စကေး

play

 

ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာလည်း ပထမဆုံးတွေ့ခဲ့ရတဲ့အသင်းက အီတလီဖြစ်ပြီး ဗိုလ်လုပွဲမှာ ပြန်တွေ့ခဲ့ရတာလည်း အီတလီပါပဲ။ ဒီပထမဆုံးပွဲနဲ့ နောက်ဆုံးပွဲအကြားမှာ ကျွန်တော်တို့ ပြင်ဆင်မှု အတော်လေး လုပ်လိုက်ရပါတယ်။ သူတို့က ကျွန်တော်တို့အသင်းထက် ပိုကောင်းခဲ့ပါတယ်။ အသင်းအတွက် ခေါ်ထားတဲ့ ကစားသမားတွေအကြား နားလည်မှုရှိရှိ ဆက်ဆံရေးကို တည်ဆောက်ဖို့လိုပြီး ဒါကိုအလေ့အကျင့်ဖြစ်အောင် လုပ်ယူထားပါတယ်။

အီတလီနည်းပြ ကွန်တီ

play

 

ကမ္ဘာ့အကောင်းဆုံး အသင်ေးတွထဲမှာ စပိန်လည်း တစ်သင်းအပါအဝင်ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီပွဲအပြီးမှာ နောင်တမရချင်ပါဘူး။ ဒါကြောင့် အစွမ်းကုန်

ပြင်ဆင်ထားပါတယ်။ အားလုံးက ကျွန်တော်တို့ အသင်းခံစစ်အကြောင်းပဲ ပြောနေကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ခံစစ်ကစားပုံရော၊ တိုက်စစ် ကစားပုံပါ စပိန်အသင်းကို ခြိမ်းခြောက်နိုင်ပါလိမ့်မယ်။

ထူးခြားချက်

play
 

၂၀၀၈ ခုနှစ် ယူရိုပြိုင်ပွဲမှာ အီတလီနဲ့ စပိန်မတွေ့ခင် အချိန်ထိ တကယ့်ပြိုင်ပွဲကြီးတွေမှာ အီတီက စပိန်ကို ဘယ်တော့မှ မရှုံးတဲ့ အစဉ်အလာ ရှိခဲ့ဖူးပါတယ်။

ပြိုင်ပွဲကြီးတွေမှာ စပိန်ကို ဘယ်တော့မှ မရှုံးတဲ့ စံချိန်ကို အီတလီက ၇၄ နှစ်ကြာ ထိန်းနိုင်ခဲ့တာပါ။ ခြေစမ်းပွဲအချို့မှာတော့ စပိန်အနိုင်ရတာတွေ ရှိခဲ့ပါတယ်။

စံချိန်များ

play
 

အုပ်စုနောက်ဆုံးပွဲမှာ စပိန်အသင်းက ခရိုအေးရှားကို မထင်မှတ်ပဲ ရှုံးသွားပါတယ်။ ဒီလိုရှုံးသွားတဲ့အတွက် စပိန်အသင်းက နောက်ဆုံး ၁၄ ပွဲဆက်တိုက် ရှုံးပွဲမရှိတဲ့ စံချိန် ပျက်ပြယ်သွားပါတယ်။

အီတလီလည်း အုပ်စုနောက်ဆုံးပွဲမှာ အိုင်ယာလန်အသင်းကို ရှုံးသွားခဲ့ပါတယ်။ ဒီပွဲမတိုင်ခင် အီတလီအသင်းက နောက်ဆုံးလေးပွဲဆက်တိုက် အနိုင်ရခဲ့ပြီး ပေးဂိုးမရှိခဲ့ပါဘူး။

Source : UEFA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ