International: နိုင်ငံလက်ရွေးစင်အဖြစ် ဆက်ကစားရန် မက်ဆီကို သမ္မတက မေတ္တာရပ်ခံ

ဝေဖန်မှုတွေကို ဂရုမစိုက်ရန်နဲ့ လက်ရွေးစင်အဖြစ်မှ အနားမယူရန် သမ္မတက တိုက်တွန်းခဲ့ပါတယ်။

play
ကိုပါအမေရိက ဗိုလ်လုပွဲမှာ အံ့အားသင့်ဖွယ် ပင်နယ်တီလွဲချော်ခဲ့အပြီး တွေ့ရသည့် မက်ဆီ


ကိုပါအမေရိက ဗိုလ်လုပွဲစဉ်မှာ ပင်နယ်တီလွဲချော်ခဲ့ပြီးနောက် နိုင်ငံလက်ရွေးစင် ကစားသမားဘဝမှ အနားယူတော့မယ့် လီယွန်နယ် မက်ဆီကို အာဂျင်တီးနားသမ္မတ မော်ရီစီယို မာ့ခ်ရီက လက်ရွေးစင်အသင်းမှာ ဆက်ကစားရန် ဖုန်းဆက်ပြီး မေတ္တာရပ်ခံ ပြောကြားခဲ့ကြောင်း သိရပါတယ်။

play
အာဂျင်တီးနားသမ္မတ


သမ္မတက မက်ဆီထံဖုန်းဆက်ပြီး အာဂျင်တီးနား ဘောလုံးအသင်းရဲ့ စွမ်းဆောင်ရည်အပေါ် ဂုဏ်ယူကြောင်း၊ ဝေဖန်မှုတွေကို ဂရုမစိုက်ရန်နဲ့ လက်ရွေးစင်အဖြစ်မှ အနားမယူရန် တိုက်တွန်းခဲ့ကြောင်း သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ်က ယနေ့ (ဇွန်လ ၂၈ ရက်) မှာ ပြောပါတယ်။

play
မက်ဆီနှင့် မာရာဒိုနာ


အာဂျင်တီးနား ဂန္တဝင်ဘောလုံးကစားသမား ဒီယေဂို မာရာဒိုနာကလည်း တနင်္လာနေ့ (ဇွန်လ ၂၇ ရက်) က မက်ဆီကို နိုင်ငံလက်ရွေးစင်အဖြစ်မှ အနားမယူရန် တိုက်တွန်းခဲ့ပါတယ်။ မက်ဆီဟာ အာဂျင်တီးနားအသင်းမှာ ဆက်ရှိနေရမှာဖြစ်ပြီး လာမယ့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားမှာ အသင်းနဲ့အတူ ချန်ပီယံဆုရယူဖို့ ရုရှားကိုသွားလိမ့်မယ်လို့ မာရာဒိုနာက ပြောကြားခဲ့ပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ