International: အင်္ဂလန်ကို အနိုင်ရခဲ့သည့် အိုက်စလန်အသင်းအကြောင်း လူသိနည်းသည့် အချက် (၅) ချက်

အိုက်စလန်အသင်းဟာ စိတ်ဝင်စားစရာ ပြည့်နေတဲ့ အသင်းဖြစ်ပါတယ်။

play

 

အင်္ဂလန်အသင်းကို ၁၆ သင်းအဆင့်မှာ အံ့အားသင့်ဖွယ် ဖြုတ်ချခဲ့တဲ့ အိုက်စလန်အသင်းဟာ ကွာတားဖိုင်နယ်ကို ရောက်ရှိသွားပြီဖြစ်ပါတယ်။ အုပ်စုအဆင့်က လှည့်ပြန်ရမယ်လို့ ယူဆထားခဲ့ကြတဲ့ အိုက်စလန်အသင်းဟာ ပေါ်တူဂီ၊ အင်္ဂလန်တို့ကို ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ်ကို ရောက်လာခဲ့တာဖြစ်ပါတယ်။

အိုက်စလန်ဟာ ယူရိုပြိုင်ပွဲဝင် အသင်းတွေထဲမှာ အင်အားအနည်းဆုံး အသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။ အိုက်စလန်နဲ့ ပတ်သတ်ပြီး လူသိနည်းတဲ့ အချက် (၅) ချက်ရှိပါတယ်။

၁။ လူဦးရေ

play

 

အိုက်စလန် နိုင်ငံမှာ လူဦးရေ သုံးသိန်းကျော်သာရှိပါတယ်။ အင်္ဂလန်မှာတော့ လန်ဒန်မြို့က တစ်မြို့ထဲတင် လူဦးရေ ရှစ်သန်းကျော် ကိုးသန်းနီးပါး ရှိပါတယ်။ အိုက်စလန်မှာ မှတ်ပုံတင်ထားတဲ့ ဘောလုံးသမားဦးရေ နှစ်သောင်းကျော် ရှိပါတယ်။

၂။ လက်ရွေးစင် အသင်း နည်းပြ

play

 

အင်္ဂလန်အသင်း မန်နေဂျာ ရွိုင်းဟော့ဆန်က တစ်နှစ်လုပ်ခလစာ ပေါင် ၃.၅ သန်းရတဲ့ နည်းပြဖြစ်ပါတယ်။ အိုက်စလန်နည်းပြ ဟော်ဂရမ်ဆန်ကတော့ ၂၀၁၃ ခုနှစ်ကမှ လက်ရွေးစင်နည်းပြအလုပ်ကို စလုပ်ခဲ့သူပါ။ အခုချိန်ထိ အိုက်စလန်နည်းပြ ဟော်ဂရမ်ဆန်ဟာ သွားဆရာဝန်အလုပ်ကို အချိန်ပိုင်း လုပ်နေပါသေးတယ်။

၃။ ဟော်လန်ကို ကျော်ဖြတ်ပြီး ခြေစစ်ပွဲအောင်ခဲ့

play

 

ယူရိုပြိုင်ပွဲကို အိုက်စလန်အသင်း ရင်မဆိုင်ရသေးခင်အချိန် ခြေစစ်ပွဲမှာ ဟော်လန်နဲ့ ရှုံးထွက်ကစားခဲ့ရပါသေးတယ်။ ဟော်လန်ကို အနိုင်ယူပြီးနောက် ခြေစစ်ပွဲ အောင်လာခဲ့တာပါ။ အိုက်စလန်ကို ရှုံးခဲ့လို့ ဟော်လန်နည်းပြ ဂုဟစ်ဒင့်လည်း ရာထူးက နုတ်ထွက်ခဲ့ရပြီး အခု ရွိုင်းဟော့ဆန်က ဒုတိယဖြစ်ပါတယ်။

၎။ ပရီးမီးယားလိဂ်

play

 

ပရီးမီးယားလိဂ်မှာ လက်ရှိကစားနေတဲ့ အိုက်စလန်ကစားသမား ၁၆ ဦးလောက်ရှိပါတယ်။ နာမည်အကျော်ဆုံးကတော့ ဆွမ်ဆီးကစားသမား ဆစ်ဂရော့ဆင် ဖြစ်ပါတယ်။ အင်္ဂလန်နဲ့ပွဲမှာလည်း ဂိုးသွင်းခဲ့ပါသေးတယ်။

၅။ ဘောလုံးအားကစားအပေါ် ရူးသွပ်မှု

play

 

အိုက်စလန်အသင်း ဟန်ဂေရီနဲ့ ကစားတဲ့ပွဲမှာ နိုင်ငံလူဦးရေရဲ့  ၉၈ ရာခိုင်နှုန်းလောက် ဒီပွဲကို ကြည့်ရှုအားပေးခဲ့တယ်လို့ အိုက်စလန်တီဗီက ကြေငြာပါတယ်။ အခုလည်း အိုက်စလန်လူဦးရေရဲ့ ၁ ရာခိုင်နှုန်းဖြစ်တဲ့ ပရိသတ် သုံးထောင်လောက်က  ပြင်သစ်မှာ ရောက်နေတာပါ။ အိုက်စလန်မှာ ရှိတဲ့ အကြီးဆုံး ဘောလုံးကွင်းက လူဦးရေ ၁၅၀၀၀ သာ ဝင်ဆံ့ပါတယ်။

Source : nzherald

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ