International: ရှုံးပွဲတွေ့ပြီးနောက် ချစ်သူဆီက အနမ်းနဲ့ နှစ်သိမ့်မှု ရခဲ့တဲ့ အင်္ဂလန်ကစားသမား

အိုက်စလန်ကို ရှုံးနိမ့်ပြီးနောက် အင်္ဂလန်ကစားသမား အယ်လီက ချစ်သူဆီက အနမ်းရခဲ့တာဖြစ်ပါတယ်။

play

 

ယူရို ၁၆ သင်းအဆင့် ပြိုင်ပွဲမှာ အသင်းငယ် အိုက်စလန်ကို အံအားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက်မှာ ချစ်သူဆီက အနမ်းနဲ့ နှစ်သိမ့်မှုကို ရလိုက်သူက အင်္ဂလန်လက်ရွေးစင် ဒီးလ်အယ်လီဖြစ်ပါတယ်။ စပါအသင်း ကစားသမားလည်းဖြစ်တဲ့ အယ်လီရဲ့ ချစ်သူက ဒီနှစ်ယူရိုပြိုင်ပွဲဝင် အင်္ဂလန်ကစားသမားတွေရဲ့ချစ်သူတွေထဲမှာ အလှဆုံးအဖြစ် ဗြိတိန်မီဒီယာတွေက အသိအမှတ် ပြုထားပါတယ်။

play

 

အိုက်စလန်အသင်းကို ရှုံးပြီးနောက် ချစ်သူအားပေးနေတဲ့ ပွဲကြည့်စင်အနားကို ရောက်လာတဲ့  အယ်လီတစ်ယောက် နှစ်သိမ့်အနမ်း ရခဲ့ပုံကို မီဒီယာသမားတွေက အမိအရ မှတ်တမ်းတင်နိုင်ခဲ့တာပါ။

play

 

 ဒါပေမယ့် စပါးကစားသမားလည်းဖြစ်တဲ့ အယ်လီရဲ့ ချစ်သူဟာ အခုမှ ပထမဆုံးအကြိမ် လူမြင်ကွင်းမှာ တွေ့ခဲ့ရတာမဟုတ်ပါဘူး။

play

 

ဒါဟာ ဒုတိယအကြိမ် လူမြင်ကွင်းမှာ သတို့နှစ်ဦးကို တွဲပြီးတွေ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အဆိုပါအမျိုးသမီး ဘယ်သူဆိုတာ မီဒီယာတွေ ဖော်ထုတ်နိုင်ခဲ့ကြပြီး D&G ကုမ္ပဏီရဲ့ မော်ဒယ်တစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

play

 

ပြီးခဲ့တဲ့ မေလတုန်းကလည်း စပါးအသင်း နယူးကာဆယ်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ပွဲပါယ်ကြောင့် မပါဝင်နိုင်ခဲ့တဲ့ အယ်လီက အဲဒီနေ့မှာပဲ အမည်မသိရသေးတဲ့ ဒီချစ်သူနဲ့အတူ ကလပ်သွားခဲ့ပါသေးတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ