International: ပင်နယ်တီဖြင့် ပေါ်တူဂီအသင်း ဆီမီးဖိုင်နယ် တက်ရောက်

ကွာရက်ဇ်မာရဲ့ နောက်ဆုံးပင်နယ်တီနဲ့ ပေါ်တူဂီအသင်း ဆီမီးဖိုင်နယ် ရောက်ခဲ့ပါတယ်ယ။

play

 

ယူရို ၂၀၁၆ ကွာတားဖိုင်နယ် ပထမဆုံးပွဲစဉ်မှာ ပေါ်တူဂီအသင်းက ပိုလန်အသင်းကို ပင်နယ်တီနဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ အုပ်စုပွဲစဉ်တွေအပါအဝင် ပေါ်တူဂီအသင်းဟာ ကွာတားဖိုင်နယ် ကစားပြီးချိန်အထိ မိနစ် ၉၀ အတွင်း နိုင်ပွဲတစ်ပွဲမှ မရသေးတဲ့ အသင်းလည်း ဖြစ်ပါတယ်။

play

 

ပိုလန်အသင်းဘက် နှစ်မိနစ်မှာတင် တိုက်စစ်မှူး လီဝမ်ဒေါစကီးရဲ့ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ပွဲဟာ မထင်မှတ်ပဲ ပင်နယ်တီအထိ ရောက်သွားခဲ့ပါတယ်။ ကွာရက်ဇ်မာ ပထမပိုင်း မိနစ်သုံးဆယ်အကျော်မှာပဲ နာနီရဲ့ဖန်တီးပေးမှုကို ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့လို့ ဖြစ်ပါတယ်။

play
play

 

ပင်နယ်တီ ကန်သွင်းခဲ့ကြတဲ့ အချိန်မှာ ပေါ်တူဂီက ၅-၃ ဂိုး နဲ့ အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီအသင်းအတွက် ပင်န်တီကန်သွင်းရာမှာ နှစ်ပွဲဆက်တိုက် တည်တည်ငြိမ်ငြိမ် စွမ်းဆောင်ခဲ့သူက ကွာရက်ဇ်မာဖြစ်ပါတယ်။ ဒီတစ်ခေါက်လည်း ပေါ်တူဂီအသင်းရဲ့ နောက်ဆုံး အဆုံးအဖြတ် ပင်နယ်တီကို ကွာရက်ဇ်မာ သွင်းယူခဲ့တာပါ။

ပိုလန်အသင်းရဲ့ စတုတ္ထမြောက်ပင်နယ်တီကို ဘလက်ဇီကောစီကီး လွဲချော်ခဲ့တာဖြစ်ပြီး သူက အသင်းအတွက် နှစ်ဂိုးသွင်းပေးထားတဲ့ ကစားသမားလည်းဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ပေါ်တူဂီရဲ့ ခံစစ်ကစားပုံ အနည်းငယ် ပြောင်းလဲခဲ့ပေမယ့် မပြောင်းလဲတာကတော့ ရော်နယ်ဒိုနဲ့ နာနီတို့ရဲ့ တစ်ကိုယ်တော် ထိုးဖောက်ချက်တွေ ဖြစ်ပါတယ်။

play

 

နာနီရဲ့ ပေးပို့မှုကတဆင့် ရော်နယ်ဒို ဂိုးရဖို့ အခွင့်အရေးတွေ ရခဲ့ပါသေးတယ်။ ပင်နယ်တီနဲ့ ဆီမီးဖိုင်နယ်တက်သွားတဲ့ ပေါ်တူဂီဘက်မှာ ကံတရားလည်းရှိနေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ပိုလန်ကစားသမား ဂျာဇက်ဇီရဲ့ ကန်ချက်ဟာ ကံဆိုးလို့ ပိုလန်အသင်းအတွက် မရခဲ့တဲ့ ဂိုးဖြစ်ပါတယ်။

play

 

အုပ်စုပွဲစဉ်တွေကနေ ကွာတားဖိုင်နယ်အထိ စုစုပေါင်း ငါးပွဲကစားပြီးရာမှာ သာမန်ပွဲကစားချိန်အတွင်း တစ်ပွဲမှ နိုင်ပွဲမရထားတဲ့ ပေါ်တူဂီဟာ ပင်နယ်တီ အဆုံးအဖြတ်တွေနဲ့ ဆီမီးဖိုင်နယ်ကို ရောက်နေခဲ့ပါပြီ။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ