International: စပိန်လက်ရွေးစင်အသင်းနှင့် နည်းပြ ဒဲလ်ဘော့စကေး လမ်းခွဲမည်

စပိန်အသင်းသမိုင်းမှ အောင်မြင်မှု အရဆုံး နည်းပြဖြစ်ခဲ့သူပါ။

play

 

စပိန်အသင်းကို ကာလကြာရှည်နည်းပြအဖြစ် တာဝန်ယူပေးခဲ့တဲ့ ဒဲလ်ဘော့စကေး ရာထူးကနေ နှုတ်ထွက်တော့မယ်လို့ သိရပါတယ်။ နည်းပြ ဒဲလ်ဘော့စကေးနဲ့ စပိန်လက်ရွေးစင်အသင်း ချုပ်ဆိုထားတဲ့ စာချုပ်က နောက်တစ်လနေရင် သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

play

 

စပိန်အသင်း သက်တမ်းတစ်လျှောက်မှာ အအောင်မြင်ဆုံး လက်ရွေးစင်နည်းပြဖြစ်ခဲ့တဲ့ ဒဲလ်ဘော့စကေးက ဒီနှစ်ယူရိုချန်ပီယံရှစ်မှာတော့ အသင်းကို အောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ၁၆ သင်း ရှုံးထွက်အဆင့်မှာ အီတလီအသင်းကိုစပိန် ရှုံးနိမ့်ကာ ပြိုင်ပွဲက ထွက်ရပြီးတဲ့နောက် နည်းပြ ဒဲလ်ဘော့စကေးက အသင်းနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

play

 

၂၀၁၀ ခုနှစ်မှာ စပိန်အသင်းကို ကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့အပြင် ၂၀၀၈ နဲ့ ၂၀၁၂ ခုနှစ် ယူရိုချန်ပီယံရှစ်ပြိုင်ပွဲတွေမှာလည်း ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါသေးတယ်။ စပိန်အသင်း နောက်ထပ်နည်းပြအဖြစ် ဆီဗီးလ်အသင်းနဲ့ ဘီဘာအိုအသင်း နည်းပြဟောင်း ကာပါရော့စ် ရေပန်းစားနေပါတယ်။ ဒါပေမဲ့ နည်းပြဒဲလ်ဘော့စကေးကို စပိန်အသင်းမှာ ဆက်ရှိစေချင်တယ်လို့ ကာပါရော့စ်က ပြောပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ