International: အိပ်မက်များ တကယ်ဖြစ်လာတော့မည်ဟု ရော်နယ်ဒို ကြွေးကြော်

ပိုလန်ကို အနိုင်ရပြီးတဲ့ပွဲအပြီးမှာ အခုလို ကြွေးကြော်ခဲ့တာပါ။

play

 

ပိုလန်အသင်းကို အနိုင်ရပြီးတဲ့နောက်မှာ အိပ်မက်တွေအတိုင်း ဖြစ်လာဖို့ တကယ်နီးစပ်လာခဲ့ပြီလို့ ပေါ်တူဂီအသင်း ကစားသမား ရော်နယ်ဒိုကပြောကြားလိုက်ပါတယ်။ 

ပိုလန်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီးနောက် ပေါ်တူဂီအသင်းက ယူရိုချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် အဆင့်ကို ရောက်လာခဲ့တာပါ။

play

 

ဘောလုံးသမားတစ်ယောက်ရနိုင်တဲ့ ဆုတံဆိပ်မှန်သမျှကို ရယူနိုင်စွမ်းရှိချင်တယ်လို့ အရင်က ပြောခဲ့ဖူးတဲ့အတိုင်း အခုလည်း ရော်နယ်ဒိုက ပြောလိုက်တာဖြစ်ပါတယ်။

" မျှော်လင့်ထားတဲ့ အိပ်မက်တွေ တကယ်နီးစပ်လာပြီလို့ ပြောလို့ရပါတယ်။ အခုက ဘာမဆို ဖြစ်နိုင်တဲ့ အခြေအနေပဲလေ။ ဒီနေ့ ကျွန်တော်ဘောလုံးသမားဘဝက အနားယူလိုက်ပြီဆိုရင်တောင် ကျွန်တော့်မှာ ဂုဏ်ယူစရာ ဆုတံဆိပ်တွေကလည်း ရှိထားပြီးပြီလေ။ မလွဲနိုင်တော့ဘူး။ ဒါပေမယ့် ကျွန်တော်ပြောဖူးသလိုပါပဲ။ နိုင်ငံအသင်းနဲ့အတူ အောင်မြင်မှု တစ်ခုခုကိုတော့ လိုချင်ပါသေးတယ်" လို့ ပိုလန်နဲ့ပွဲအပြီးမှာ ရော်နယ်ဒိုက ပြောပါတယ်။

play

 

ဆီမီးဖိုင်နယ် ရောက်သွားပြီဖြစ်တဲ့ ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းက ယနေ့ည ကစားမယ့် ဝေးလ်နဲ့ ဘယ်လ်ဂျီယံ အနိုင်ရတဲ့ အသင်းနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ