International: ပေါ်တူဂီနှင့်တွေ့ရမည့် ဝေးလ်အသင်း၏ အားသာချက် (၅) ခု

အင်္ဂလန်လို အသင်းမျိုးမရှိခဲ့တဲ့ အားသာချက်တွေ ဝေးလ်အသင်းမှာ ရှိနေကြောင်း ဗြိတိန်မီဒီယာတွေက ထောက်ပြရေးသားခဲ့ကြပါတယ်။

 

ဝေးလ်ဘောလုံးသမိုင်းမှာ အအောင်မြင်ဆုံး မှတ်တိုင်တစ်ခုကို စိုက်ထူဖို့အတွက် ဝေးလ်အသင်းက ကွာတားဖိုင်နယ်မှာ ဘယ်လ်ဂျီယံကို အနိုင်ယူပြီး ဆီမီးဖိုင်နယ် ရောက်ရှိသွားပြီဖြစ်ပါတယ်။

၁၆ သင်းရှုံးထွက်အဆင့်မှာ အိုက်စလန်အသင်းကို အရှက်တကွဲရှုံးခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ အဖြစ်နဲ့ နှိုင်းယှဉ်ပြီး ဗြိတိန်မီဒီယာတွေက ဝေးလ်အသင်းက ချီးကျူးရေးသားလျှက်ရှိပါတယ်။

ဝေးလ်အသင်းက ဆီမီးဖိုင်နယ်မှာ ပေါ်တူဂီနဲ့ တွေ့ရတော့မှာပါ။ အင်္ဂလန်အသင်းထက် ဝေးလ်အသင်း ကောင်းမွန်နေရတဲ့ အချက် (၅) ချက်ရှိပါတယ်။

၁။ နည်းပြကောင်း ရှိခြင်း

 

 ဝေးလ်အသင်းနည်းပြ ကိုးလ်မန်းရဲ့ ၃-၅-၂ ကစားကွက်ဟာ အလုပ်ဖြစ်နေတာ တွေ့ရပါတယ်။ ကိုးလ်မန်းထက် အတွေ့အကြုံ များစွာသာတဲ့ အင်္ဂလန်နည်းပြ ရွိုင်းဟော့ဆန်ကတော့ ဒါမျိုး မလုပ်နိုင်ခဲ့ပါဘူး။

၂။ အားကိုးရသည့် ကစားသမားရှိခြင်း

 

အင်္ဂလန်အသင်း အောင်မြင်မှုနဲ့ ဝေးခဲ့ရတာ ဒီအချက်လည်း ပါဝင်ပါတယ်။ အသင်းမှာ ဂိုးတွေဖန်တီးပေးနိုင်တဲ့ ကစားသမားလည်း မရှိသလို ဂိုးသွင်းဖို့ ဆာလောင်နေတဲ့ တိုက်စစ်မှူးလည်း မရှိပါဘူး။ ဝေးလ်အသင်းမှာတော့ ဂါရက်ဘေးလ်လို ကစားသမား ရှိခဲ့ပါတယ်။

၃။ အသင်းခေါင်းဆောင်ကောင်းရှိခြင်း

 

အသင်းခေါင်းဆောင် ဝီလီယံရဲ့ စိတ်အားထက်သန်မှုကို ဘယ်လ်ဂျီယံနဲ့ပွဲမှာ တွေ့နိုင်ပါတယ်။ ပုခုံးဒဏ်ရာက သက်သာလာတာ မကြာသေးပေမယ့် ဘယ်လ်ဂျီယံနဲ့ပွဲမှာ အရေးပါတဲ့ ချေပဂိုး သွင်းနိုင်ခဲ့သူဖြစ်ပါတယ်။

။ ကစားပုံ မာကျောခြင်း

 

ပြိုင်ဘက်တွေအတွက် ဝေးလ်အသင်းရဲ့ ကစားပုံဟာ မာကျောလွန်းလှတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ ဝေးလ်အသင်း ကစားသမားတွေရဲ့ ပုံစံဟာ မိနစ်ကိုးဆယ်လုံးလုံး မောပန်းတဲ့ပုံမပေါက်တာကို တွေ့ရပါတယ်။

၅။ အသင်း စိတ်ဓာတ်

 

ဝေးလ်အသင်းဟာ ကြယ်ပွင့်ကစားသမား ခပ်များများမရှိပေမယ့် စိတ်ဓာတ်ကောင်းကတော့ ကစားသမားတိုင်းမှာရှိတာကို ပြသထားနိုင်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံကို နိုင်တဲ့ပွဲမှာ နာမည်ကျော်ကစားသမား ဂါရက်ဘေးလ် ဂိုးမသွင်းတဲ့အပြင် ရခဲ့တဲ့ သုံးဂိုးကို ကစားသမားတစ်ဦးချင်းစီက သွင်းခဲ့တဲ့အတွက် အားလုံးမှာ နိုင်လိုစိတ် ပြင်းပြနေတယ်လို့ ဆိုနိုင်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ