International: အီတလီ - ဂျာမနီ ကွာတားဖိုင်နယ်ပွဲ မကြည့်ခင် သိထားသင့်တဲ့ အချက် (၅) ချက်

ကွာတားဖိုင်နယ်ပွဲစဉ်တွေထဲက စိတ်ဝင်စားစရာ အကောင်းဆုံး ပွဲဖြစ်ပါတယ်။

play

 

၂၀၁၆ ယူရိုချန်ပီယံရှစ်ပြိုင်ပွဲရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးပွဲစဉ်ကို ဒီကနေ့ ကြည့်ကြရတော့မှာပါ။ ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလား ချန်ပီယံ အီတလီအသင်းနဲ့ ၂၀၁၄ ကမ္ဘာ့ဖလား ချန်ပီယံ ဂျာမနီအသင်းတို့ တွေ့မယ့် ယူရို ကွာတားဖိုင်နယ်ပွဲစဉ် ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမတိုင်ခင် သိထားသင့်တဲ့ အချက် (၅) ချက်ရှိပါတယ်။

၁။ တိုက်စစ်မှူး ဂိုမက်ဇ် ခြေစွမ်း

play

 

ဂျာမနီအသင်း ဂန္တဝင်ကစားသမား ကလင်းစမန်းလည်း ယူရိုမှာ ဂျာမနီအတွက် ငါးဂိုးသွင်းခဲ့ပေးဖူးပါတယ်။ အခု ဂိုမက်ဇ်လည်း ၁၂ ပွဲကစားပြီး ၅ ဂိုးသွင်းသူ ဖြစ်လာပါပြီ။ တောင့်တင်းတဲ့ အီတလီခံစစ်ကို ဂိုမက်ဇ်ကျော်ဖြတ်ပြီး စံချိန်ချိုးမလားဆိုတာ စောင့်ကြည့်ရမှာပါ။

၂။ ကစားပုံတူ

play

 

နှစ်သင်းလုံးဟာ အမြင့်ဘောကစားရာမှာ ကျွမ်းကျင်ကြတဲ့ အသင်းတွေဖြစ်ပါတယ်။ အရပ်အမောင်းကောင်းတဲ့ တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားကြလို့ ဒီပွဲမှာလည်းအမြင့်ဘောတွေသုံးပြီး ကစားကြဦးမှာပါ။ ပယ်လီနဲ့ ဂိုမက်ဇ်တို့ရဲ့ ခေါင်းတိုက်စွမ်းရည်တွေ ကြည့်ကြရမယ့်ပွဲဖြစ်ပါတယ်။

၃။ အီတလီကျော်ဖြတ်ရမည့် တိုနီခရူးစ်

play

 

ဂျာမနီကွင်းလယ်မှာ အဓိကကျတဲ့ ကစားသမားက တိုနီခရူးစ်ဖြစ်ပါတယ်။ ခရူးစ်ရဲ့ဘောလုံးဖြန့်ဝေပေးမှုက အသင်းအတွက် အသက်လို ဖြစ်နေတာပါ။ တိုနီခရူးစ်ရဲက ဘောလုံးပေးဝေမှုက တစ်ပွဲကို ပျှမ်းမျှ ၁၁၁ ကြိမ်လောက်ရှိပါတယ်။ ဒါကြောင့် အီတလီက ခရူးစ်ရဲ့ ဘောလုံးပေးဝေမှုကို ထိန်းချုပ်နိုင်ရင် အားသာချက် ရလာနိုင်ပါတယ်။

၎။ အီတလီအသင်း စံချိန်

play

 

၁၉၇၀ နောက်ပိုင်းမှာ အီတလီအသင်းက ဂျာမနီကို ပြိုင်ပွဲကြီးတွေမှာ တွေ့ရင် ဘယ်တော့မှ မရှုံးခဲ့ပါဘူး။ ခြေစမ်းပွဲအချို့မှာ ဂျာမနီ အနိုင်ရဖူးတာ ရှိပေမယ့် တကယ့်ပြိုင်ပွဲတွေရောက်ရင်တော့ အီတလီက အမြဲနိုင်လေ့ရှိပါတယ်။ ယူရို ၂၀၁၂ ပြိုင်ပွဲ၊ ၂၀၀၆ ကမ္ဘာ့ဖလား ပြိုင်ပွဲနဲ့ ၁၉၈၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွေမှာ အီတလီအသင်းက ဂျာမနီကိုကျော်ဖြတ်ခဲ့တာ မှတ်မှတ်ရရ ပွဲစဉ်တွေဖြစ်ပါတယ်။

၅။ ဖြစ်နိုင်ဖွယ် လူစာရင်း

play

 

ဂျာမနီ

ဂိုး - နူအာ၊ နောက်တန်း - ကင်မစ်ခ်ျ၊ ဘိုတန်း၊ ဟမ်းမဲလ်၊ ဟောင်းဝက်ဒ်၊ အလယ်တန်း - ခရူးစ်၊ ခီဒီယာ၊ မူလာ၊ အိုဇေးလ်၊ ဒရက်ဇ်လာ၊ ရှေ့တန်း -ဂိုမက်ဇ်

အီတလီ

ဂိုး - ဘူဖွန်၊ နောက်တန်း  - ဘာဇာဂလီ၊ ဘိုနူချီ၊ ချီလီနီ၊  အလယ်တန်း - ဖလော်ရန်ဇ်၊ စတူရာရို၊ ပါရိုလို၊ ဂီယာချီရီနီ၊ စီဂလီယို၊ ရှေ့တန်း - ပယ်လီ၊ အီဒါ

Source : soccer360

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ