International: အာဂျင်တီးနားအတွက် မက်ဆီ ဘောလုံးပြန်ကစားမည်ဟု ဆို

၂၀၁၈ ကမ္ဘာ့ဖလားမှာ မက်ဆီသေချာပေါက်ပြန်ပါမယ်လို့ ဆိုပါတယ်။

play

 

လက်ရွေးစင်ဘဝက အနားယူသွားတဲ့ မက်ဆီဟာလာမယ့် ၂၀၁၈ ကမ္ဘာ့ဖလားမှာ အသင်းအတွက် ပြန်ကစားပေးလိမ့်မယ်လို့ အာဂျင်တီးနား အသင်းရဲ့ အကြောပြင်ဆရာဝန် ပြောကြားလိုက်ပါတယ်။

ကိုပါအမေရိကဖလား ဗိုလ်လုပွဲမှာ ချီလီကို ရှုံးပြီးနောက် လက်ရွေးစင်ဘဝ ပြီးဆုံးသွားပြီလို့ ကြေငြာခဲ့တဲ့ မက်ဆီက သူ့ရဲ့ ဆုံးဖြတ်ကို ပြန်ပြင်လိမ့်မယ်လို့ အာဂျင်တီးနာအသင်း အကြောပြင်ဆရာဝန်မာဆယ်လိုဒီအန်ဒရီယာက ပြောခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရွေးစင်အသင်းအတွက် ပြန်ကစားမယ်လို့ မက်ဆီက ပြောထားတာမဟုတ်ပဲ ဒီအန်ဒရီယာက သူ့ရဲ့ယုံကြည်ချက် သက်သက်ကိုသာ ပြောခဲ့တာဖြစ်ပါတယ်။

play

 

" သံသယရှိစရာမလိုပါဘူး။ ၂၀၁၈ ကမ္ဘာ့ဖလားအတွက် မက်ဆီ ဘောလုံးပြန်ကစားပါလိမ့်မယ်။ အခုချိန်မှာတော့မက်ဆီ့ကို တစ်ယောက်တည်းလွှတ်ထားတာ ကောင်းပါတယ်" လို့ ပြောခဲ့တာပါ။ အာဂျင်တီးနားအသင်းနဲ့အတူ အဓိကပြိုင်ပွဲတွေမှာ မက်ဆီက ဗိုလ်လုပွဲ လေးကြိမ်ကစားခဲ့ရပေမယ့် လေးကြိမ်လုံးရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း လက်ရွေးစင်အဖြစ် မကစားတော့ဘူးလို့ ပြောလိုက်တာပါ။

Source : Four Four Two

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ