International: စပါးဂိုးသမား ဟူဂိုလိုရစ်ကို ရီးရဲလ်မက်ဒရစ် ခေါ်ရန် ကြိုးပမ်းနေ

စပါးအသင်းကလည်း နောက်ထပ် စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်လျှက်ရှိပါတယ်။

play

 

စပါးအသင်း ဂိုးသမား ဟူဂိုလိုရစ်ကို စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းက ပေါင် ၃၅ သန်းနဲ့ခေါ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ဂိုးသမားဟူဂို လိုရစ်က စပါးအသင်းနဲ့ ဂိုးသမား ဟူဂိုးလိုရစ်က စာချုပ်သက်တမ်း သုံးနှစ်ကျန်နေသေးတာကြောင့် ပေါင် ၃၅ သန်းအထိ တန်ကြေးရှိနေတာ ဖြစ်ပါတယ်။

play

 

 မန်ယူအသင်း ဂိုးသမား ဒီဂီယာကို ခေါ်ယူဖို့ ကြိုးစားရာမှာ မအောင်မြင်ခဲ့ပြီးတဲ့နောက် ရီးရဲလ်မက်ဒရစ်အသင်းက ပထမတန်းစား ဂိုးသမားတစ်ဦးကို လက်ရှိအချိန်ထိ ရှာဖွေနေဆဲ ဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင် ဂိုးသမားလည်းဖြစ်တဲ့ ဟူဂိုလိုရစ်က ၂၀၁၀ ခုနှစ်မှာ လိုင်ယွန်အသင်းကနေ စပါးအသင်းထံကို ပေါင် ၁၀ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အပြင် အခြားအသင်းကြီးတွေကလည်း ဂိုးသမား ဟူဂိုလိုရစ်ကို စိတ်ဝင်စားလာတဲ့အတွက် စပါးအသင်းက နောက်ထပ် စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်လျှက်ရှိပါတယ်။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ