International: ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်ရှိလာ

ယူရို ၂၀၁၆ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ဇူလိုင် ၇ ရက်နဲ့ ၈ ရက်တို့မှာ ယှဉ်ပြိုင်ကစားမှာပါ။

play


ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် နောက်ဆုံးပွဲစဉ်အဖြစ် ပြင်သစ်နဲ့ အိုက်စလန်တို့ ပွဲစဉ်ကို ဇူလိုင် ၄ ရက် (ယနေ့) နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားပြီးနောက် ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

play


ယနေ့ နံနက်အစောပိုင်း ကွာတားဖိုင်နယ် ပွဲစဉ်မှာ အိမ်ရှင်ပြင်သစ်က အိုက်စလန်အသင်းကို ၅-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ယူရို ၂၀၁၆ ဆီမီးဖိုင်နယ် ပွဲစဉ်များအဖြစ် ပေါ်တူဂီနဲ့ ဝေးလ်၊ ဂျာမနီနဲ့ ပြင်သစ်တို့ တွေ့ဆုံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ဇူလိုင် ၇ ရက်နဲ့ ၈ ရက်တို့မှာ ယှဉ်ပြိုင်ကစားမှာပါ။

ယူရို ၂၀၁၆ ဆီမီးဖိုင်နယ်ပွဲစဉ်များ

ပေါ်တူဂီ vs ဝေးလ် (နံနက် ၁း၃၀၊ ဇူလိုင် ၇ ရက်)
ဂျာမနီ vs ပြင်သစ် (နံနက် ၁း၃၀၊ ဇူလိုင် ၈ ရက်)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ