International: ရီးရဲလ်မှာ အနာဂတ်မသေချာပေမဲ့ မီယာမီမှာ သာယာခဲ့တဲ့ ရိုဒရီဂွက်ဇ်

ရိုဒရီဂွက်ဇ်ဟာ ရီးရဲလ်မှ ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။

play


ရီးရဲလ်မက်ဒရစ်မှာ သူ့ရဲ့ အနာဂတ် မရေမရာ ဖြစ်နေပေမဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တစ်ယောက် မီယာမီကမ်းခြေမှာ ဇနီးဖြစ်သူနဲ့အတူ အားလပ်ရက် အေးအေးလူလူ အနားယူခဲ့ပါတယ်။

play


ရိုဒရီဂွက်ဇ်က ကိုလံဘီယာအသင်းနဲ့အတူ ကိုပါအမေရိကမှာ တတိယနေရာရအောင် စွမ်းဆောင်ခဲ့ပြီးနောက် အမေရိကန်မှာရှိနေစဉ် အားလပ်ရက် အပန်းဖြေခရီးအဖြစ် သူရဲ့ဇနီး ဒန်နီလာအော့စ်ပင်နာနဲ့အတူ မီယာမီကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

play

 

မီယာမီကမ်းခြေမှာ ရိုဒရီဂွက်ဇ်စုံတွဲက ဘောလီဘော ကစားရင်း ပျော်ရွှင်နေတာ တွေ့ခဲ့ရပါတယ်။ ကိုလံဘီယာ ဘောလုံးစတား ရိုဒရီဂွက်ဇ်ရဲ့ဇနီး ဒန်နီလာက ဘောလီဘော အားကစားမယ်တစ်ဦးလည်း ဖြစ်ပါတယ်။

play


ရိုဒရီဂွက်ဇ်ဟာ အပြောင်းအရွှေ့ကာလမှာ ရီးရဲလ်ကထွက်ခွာပြီး ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်နေပါတယ်။
Source & Photo: DLML

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ