International: မျက်ရည်ကျခဲ့သည့် မက်ဆီအတွက် ရော်နယ်ဒို နာကျင်ခံစားနေရ

မက်ဆီ့ကို ဆုံးဖြတ်ချက် ပြန်ပြင်ဖို့လည်း ရော်နယ်ဒိုက တိုက်တွန်းထားပါတယ်။

play

 

ကိုပါအမေရိကဗိုလ်လုပွဲစဉ်မှာ ရှုံးနိမ့်ပြီးနောက် လက်ရွေးစင်ဘဝက အနားယူပြီလို့ ကြေငြာလိုက်တဲ့ အာဂျင်တီးနားကစားသမား ကြယ်ပွင့် မက်ဆီကို ရော်နယ်ဒိုက ထောက်ခံအားပေးစကား ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် မက်ဆီလိုကစားသမားမျိုးကို မျက်ရည်တွေနဲ့မြင်တွေ့ရတာဟာ တကယ်နာကျင်ရကြောင်း ပြိုင်ဘက် ကစားသမား ရော်နယ်ဒိုက ပြောကြားခဲ့ပါသေးတယ်။

play

 

မက်ဆီနဲ့ ရော်နယ်ဒိုဟာ ဒီဘက်ခေတ်အဓိက ပြိုင်ဘက်တွေဖြစ်ကြတဲ့အတွက် တစ်ဦးနဲ့တစ်ဦး ဒီလိုအားပေးထောက်ခံစကားမျိုး ပြောတာတွေ မရှိခဲ့ဖူးပါဘူး။ ဒါပေမယ့် ထူးထူးခြားခြားပဲ ဗိုလ်လုပွဲမှာ ပင်နယ်တီလွဲခဲ့တဲ့ မက်ဆီကို ရော်နယ်ဒိုက အားပေးထောက်ခံလိုက်တာ ဖြစ်ပါတယယ်။ မက်ဆီအနေနဲ့ လက်ရွေးစင်ဘဝက အနားယူမယ့် ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားနိုင်သေးတယ်လို့လည်း ရော်နယ်ဒိုက ဆိုပါတယ်။ မက်ဆီက ဗိုလ်လုပွဲမှာ ဒုတိယနေရာသာ ရခဲ့ပေမယ့် ရော်နယ်ဒိုကတော့ ဒီနှစ် ယူရိုပြိုင်ပွဲမှာ ချန်ပီယံဖြစ်နိုင်တဲ့အခွင့်အရေး ရှိနေပါသေးတယ်။

play

 

"မက်ဆီက ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ရတာဖြစ်ပြီး ဒါကိုလေးစားမှု ပေးရမှာပါ။ ဒါပေမယ့် ဆုံးဖြတ်ချက်ကိုလည်း ပြန်ပြင်ခွင့် ရှိနေပါသေးတယ်။ ပင်နယ်တီ လွဲတာကို ညံ့တဲ့ ကစားသမားလို့ ပြောလို့ရမပါဘူး။ မက်ဆီ့လို ဘောလုံးသမားမျိုးကို မျက်ရည်တွေနဲ့ မြင်ရတာဟာ တကယ်နာကျင်ရပါတယ်။ သူပြန်ကစားပေးမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်" လို့ ရော်နယ်ဒိုက ပြောကြားခဲ့တာပါ။

play

 

မက်ဆီက အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားအပါအဝင် ဗိုလ်လုပွဲ လေးကြိမ် တက်ခဲ့ဖူးပေမယ့် တစ်ကြိမ်မှ ချန်ပီယံမဖြစ်ခဲ့ပါဘူး။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ