International: ဝေးလ်အသင်းတွင် မိမိက ကြယ်ပွင့် ကစားသမားမဟုတ်ဟု ဂါရက်ဘေးလ် ပြော

ဒီပွဲစဉ်ဟာ ရော်နယ်ဒိုနဲ့ မိမိရဲ့ နှစ်ယောက်တည်း ပွဲစဉ်မဟုတ်ဘူးလို့လည်း ဂါရက်ဘေးလ်က ပြောပါတယ်။

play

 

ဆီမီးဖိုင်နယ်မှာ တွေ့ဆုံမယ့် ဝေးလ်အသင်းနဲ့ ပေါ်တူဂီတို့ရဲ့ ပွဲစဉ်ဟာ ရော်နယ်ဒိုနဲ့ ဂါရက်ဘေးလ်ရဲ့ ပွဲစဉ်လို့ မပြောနိုင်ကြောင်း ဂါရက်ဘေးလ်က ပြောကြားလိုက်ပါတယ်။ ဒီပွဲစဉ်ကို ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်တွေဖြစ်တဲ့ ဂါရက်ဘေးလ်နဲ့ ရော်နယ်ဒိုတို့ထိပ်တိုက်တွေ့ကြမယ့် ပွဲအဖြစ် မီဒီယာတွေက ညွှန်းဆိုထားကြပါတယ်။

play

 

ဒါပေမယ့် ဂါရက်ဘေးလ်က မိမိအနေနဲ့လည်း ဝေးလ်မှာ ကြယ်ပွင့်ကစားသမားမဟုတ်သလို တစ်သင်းလုံးက အရေးပါတဲ့ ကြယ်ပွင့်ကစားသမားတွေသာ ဖြစ်တယ်လို့ ဒီပွဲမတိုင်ခင် ထုတ်ပြောလိုက်ပါတယ်။ တစ်ယောက်ချင်းစီရဲ့ ကြိုးစားအားထုတ်မှာဟာ ကိုယ့်အတွက်မဟုတ်ပဲ အသင်းတစ်သင်းလုံးအတွက် ကြိုးစားအားထုတ်ချင်းသာ ဖြစ်တယ်လို့လည်း ဂါရက်ဘေးလ်က ပြောပါတယ်။

play

 

 " ကျွန်တော့်အသင်းမှာ ကြယ်ပွင့်ကစားသမား မရှိပါဘူး။ တစ်သင်းလုံးကို ကြယ်ပွင့်တစ်ပွင့်အဖြစ်သာ ညွှန်းချင် ညွှန်းနိုင်ပါတယ်။ ကျွန်တော်တို့က အရမ်းကိုစုစည်းကျစ်လစ်တဲ့အသင်း တစ်သင်းပါ။ ညီအစ်ကိုတွေလိုပဲ သဘောထားပြီး ကျွန်တော်တို့ အလုပ်လုပ်ကြပါတယ်" လို့ ဂါရက်ဘေးလ်က ပြောပါတယ်။

ရော်နယ်ဒိုနဲ့ ပြန်တွေ့ရမယ့်အပေါ်မှာ ဂါရက်ဘေးလ်ဘက်က ထူးထူးခြားခြား ပြောဆိုခဲ့တာ ဘာမှ မရှိခဲ့ပါဘူး။ ဝေးလ်နဲ့ ပေါ်တူဂီအသင်းရဲ့ ယူရို ၂၀၁၆ ဆီမီးဖိုင်နယ်ကို လာမယ့် ကြာသပတေးနေ့၊ မြန်မာစံတော်ချိန်နံနက် ၁း၃၀ နာရီမှာ ကစားမှာဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ