International: ဂါရက်ဘေးလ်နှင့် ရော်နယ်ဒို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ဖူးတဲ့ ပွဲစဉ်များ

ဂါရက်ဘေးလ်က ရော်နယ်ဒိုကို တစ်ကြိမ်မှ အနိုင်မရထားသေးပါဘူး။

play

 

ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်ကစားသမား နှစ်ဦးတွေ့ဆုံမယ့် ဝေးလ်နဲ့ ပေါ်တူဂီအသင်းတို့ရဲ့ ယူရို ဆီမီးဖိုင်နယ်ပွဲစဉ်ကို ယနေ့ည ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အတွက် တိုက်ပွဲဝင်နေကြတဲ့ ရော်နယ်ဒိုနဲ့ ဂါရက်ဘေးလ်တို့နှစ်ဦးဟာ ဒီနေ့ညမှာတော့ နိုင်ငံအသင်း ကိုယ်စီအတွက် ပြန်လည် ရင်ဆိုင်ကြရတော့မှာ ဖြစ်ပါတယ်။

play

 

ရော်နယ်ဒိုနဲ့ ဂါရက်ဘေးလ်ဟာ ပြိုင်ဘက်တွေအဖြစ် အရင်ကလည်း တွေ့ခဲ့ကြဖူးပါတယ်။ ဒီနေ့ည တွေ့မယ့်ပွဲစဉ်ကတော့ သူတို့နှစ်ဦးပြိုင်ဘက်အဖြစ် ခြောက်ကြိမ်မြောက်တွေ့တဲ့ပွဲစဉ် ဖြစ်လာမှာပါ။  ထူခြားတာကတော့ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ခဲ့ရစဉ်မှာ ဂါရက်ဘေးလ်က ရော်နယ်ဒိုကို တစ်ခါမှ မနိုင်ဖူးသေးတာပဲ ဖြစ်ပါတယ်။

၁။ မန်ယူ ၂-၁ စပါး (၂၀၀၉)

play

 

မန်ယူကို အက်ဖ်အေဖလား စတုတ္တအဆင့် ရင်ဆိုင်ခဲ့ရချိန်မှာ အဲဒီတုန်းက စပါးကစားသမားဖြစ်တဲ့ ဂါရက်ဘေးလ်နဲ့ မန်ယူကစားသမားအဖြစ် ရှိသေးတဲ့ ရော်နယ်ဒိုတို့ တွေ့ခဲ့ကြတာပါ။

၂။မန်ယူ ၀-၀ စပါး (ပင်နယ်တီ ၄-၁ ဖြင့် မန်ယူအနိုင်ရ - ၂၀၀၉)

play

 

လိဂ်ဖလား ဗိုလ်လုပွဲမှာပဲ ဒီနှစ်သင်းတွေ့ခဲ့ကြပြန်ပါတယ်။ အချိန်ပိုသာမက ပင်နယ်တီအထိ ကစားခဲ့ရပြီး မန်ယူက အနိုင်ရခဲ့ပြန်ပါတယ်။

၃။ မန်ယူ ၅-၂ စပါး (၂၀၀၉)

play

 

ပရိသတ်တွေအတွက် မှတ်မှတ်ရရဖြစ်စေတဲ့ပွဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ အဲဒီပွဲစဉ် ပထမပိုင်းမှာ စပါးအသင်းက ၂-၀ ဂိုးနဲ့ မန်ယူကို ဦးဆောင်ခဲ့တာပါ။ ဒါပေမဲ့ နောက်ထပ် ဒုတိယပိုင်းမှာ မန်ယူကို ပင်နယ်တီတစ်ဂိုး ပြန်ပေးရပြီးနောက်ပိုင်းမှာ ပွဲအပြီးမှာ မန်ယူက ၅-၂ ဂိုးနဲ့ နိုင်ခဲ့သလို ရော်နယ်ဒိုလည်း ဂိုးသွင်းခဲ့ပါသေးတယ်။

၎။ ရီးရဲလ်မက်ဒရစ် ၄-၀ စပါး (၂၀၁၁)

play

 

အဲဒီအချိန်မှာ ဂါရက်ဘေးလ်က စပါးအသင်းရဲ့ ကြယ်ပွင့်ကစားသမား ဖြစ်နေပါပြီ။ ဒီပွဲမတိုင်ခင် လက်ရှိချန်ပီယံ အင်တာမီလန်ကို ၄-၃ ဂိုးနဲ့ နိုင်ခဲ့တဲ့ ပွဲမှာ ဂါရက်ဘေးလ်က သုံးဂိုးသွင်းခဲ့တာပါ။ ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ် အတွေ့အကြုံကို စပါးမယှဉ်နိုင်ခဲ့ပါဘူး။

၅။ စပါး ၀-၁ ရီးရဲလ်မက်ဒရစ် (၂၀၁၁)

play

 

ဝှိုက်ဟတ်လိန်းမှာ ပြန်ကစားရတဲ့ပွဲမှာ စပါးက ပထမပိုင်းတစ်ပိုင်းလုံး ရီးရဲလ်မက်ဒရစ်ကို ကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ ရော်နယ်ဒိုရဲ့ ဂိုးကို ခွင့်ပြုလိုက်ရပါတယ်။

ဒီကြယ်ပွင့်ကစားသမားနှစ်ဦး တွေ့ဆုံခဲ့တဲ့ မှတ်တမ်းကို ကြည့်မယ်ဆိုရင် ဂါရက်ဘေးလ်ရဲ့အသင်းက ရော်နယ်ဒိုရဲ့အသင်းကို တစ်ကြိမ်မှ မနိုင်ခဲ့ဖူးတာ တွေ့ရမှာပါ။ ဒီညမှာ ဂါရက်ဘေးလ်စံချိန်ဖျက်နိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ