International: ရော်နယ်ဒို ခြေစွမ်းပြပြီး ပေါ်တူဂီ ဗိုလ်လုပွဲ တက်

သမိုင်းတစ်လျှောက် ပေါ်တူဂီ ဒုတိယအကြိမ် ဗိုလ်လုပွဲတက်ခဲ့တာဖြစ်ပါတယ်။

play

 

ဘယ်လ်ဂျီယံကို အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်ရောက်လာတဲ့ ဝေးလ်အသင်းကို ပေါ်တူဂီက မိနစ် ၉၀ အတွင်းမှာပဲ ၂-၀ ဂိုးနဲ့ အနိုင်ရအောင် ကစားနိုင်ခဲ့ပြီး ယူရိုသမိုင်းတစ်လျှောက် ဒုတိယအကြိမ် ဗိုလ်လုပွဲတက်ရောက်တဲ့ အသင်းဖြစ်လာပါတယ်။ ရော်နယ်ဒို၊ နာနီတို့ရဲ့ ဂိုးတွေနဲ့ ဒုတိယပိုင်းမှာ အနိုင်ရခဲ့တဲ့ ပေါ်တူဂီအသင်းက ယနေ့ ညကစားမယ့် ပြင်င်သစ်နဲ့ ဂျာမနီပွဲမှာအနိုင်ရတဲ့ အသင်းနဲ့ ဗိုလ်လုပွဲတွေ့ဆုံရမှာ ဖြစ်ပါတယ်။

play

 

ပေါ်တူဂီအသင်းဘက်မှာ နောက်ခံလူ ပေပေ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပေမဲ့ ဝေးလ်အသင်းတိုက်စစ်ကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဝေးလ်အသင်း ဘက်ကလည်း ဂိုးရလုနီးနီး တိုက်စစ်ဆင်မှုတစ်ချို့လုပ်နိုင်ခဲ့ပေမဲ့ ဂိုးတော့မရခဲ့ပါဘူး။ ပေါ်တူဂီ ရသွားတဲ့နှစ်ဂိုးလုံးဟာ တိုက်စ်မှူး ရော်နယ်ဒိုရဲ့ ကြိုးစားအားထုတ်မှုတစ်ဆင့် ရလာတာ ဖြစ်ခဲ့ပါတယ်။

play

 

ဒုတိပိုင်းပြန်စပြီး ပွဲချိန် ၅၀ မိနစ်မှာ ဂွါရီယိုရဲ့ ဖြတ်တင်ဘောကို ရော်နယ်ဒိုက သူ့ရဲ့ဟန်အတိုင်း ခပ်မြင့်မြင့်ခေါင်းခုန်တိုက်ကာ အဖွင့်ဂိုး ရယူလိုက်တာ ဖြစ်ပါတယ်။ ဝေးလ်အတွက် ပိုဆိုးသွားစေတာက မမျှော်လင့်ဘဲ သုံးမိနစ်အတွင်း နှစ်ဂိုးဆက်တိုက် ပေးလိုက်ရတာဖြစ်ပါတယ်။

play

 

နောက်ထပ် သုံးမိနစ်အကြာ ၅၃ မိနစ်မှာ နောက်တစ်ဂိုး ထပ်ပေးရပြန်ပါတယ်။ ဂိုးဧရိယာအစပ်က ရော်နယ်ဒိုရဲ့ ကန်ချက်က ဂိုးသမားဆီ မရောက်ခင်မှာပဲ ဂိုးရှေ့မှာ ရောက်နေတဲ့ နာနီဆီ ရောက်သွားပြီး နာနီက လမ်းကြောင်းပြောင်းကာ ဒုတိယဦးဆောင်ဂိုး ယူပေးနိုင်ခဲ့တာပါ။

play

 

ဒီဂိုးရပြီးနောက်ပိုင်း ဝေးလ်အသင်းရဲ့ အကောင်းဆုံးတိုက်စစ်တွေကို ပြန်မြင်ခဲ့ရပေမဲ့ ဂိုးတော့မရခဲ့ပါဘူး။

play

 

ပွဲချိန် မိနစ် ၇၀ ကျော်လာတဲ့အချိန်မှာ ဝေးလ်အသင်းရဲ့ ပေါ်တူဂီအပေါ် ဖိအားပေးမှုဟာပိုလို့ကြောက်စရာ ကောင်းလာခဲ့ပါတယ်။ ပွဲချိန် ၈၀ ဝန်းကျင်မှာ ၃၅ ကိုက်ခန့် အကွာက ဂါရက်ဘေးလ်ရဲ့ ကန်ချက်ကိုလည်း ပေါ်တူဂီဂိုးသမား ပက်ထရီရှို အသည်းအသန် ပုပ်ထုတ်ကာကွယ်ခဲ့ရပါသေးတယ်။

play

 

နှစ်ဂိုးပေးလိုက်ရပြီးနောက် ဝေးလ်အသင်း အပိုင်ဂိုးသွင်းခွင့် မရခဲ့သည့်တိုင် ပေါ်တူဂီရဲ့ ဂိုးပေါက်ကို သုံးလေးကြိမ်ထက်မနည်း ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ပေါ်တူဂီကတော့ မိနစ် ၉၀ အတွက် ပထမဆုံးအကြိမ် နိုင်ပွဲရခဲ့တာဖြစ်ပြီး ၂၀၀၄ ခုနှစ်က တက်ခဲ့တဲ့ ယူရိုချန်ပီယံရှစ် ဗိုလ်လုပွဲကို နောက်တစ်ကြိမ် ပြန်တက်သွားပြီဖြစ်ပါတယ်။

play

 

ဒီပွဲ ဂိုးသွင်းနိုင်ခဲ့တာကြောင့် ယူရိုပြိုင်ပွဲမှာ ၉ ဂိုးသွင်းပြီး ဂိုးသွင်းအများဆုံး စံချိန်တင်ထားတဲ့ ပလာတီနီနဲ့ ရော်နယ်ဒိုရဲ့ စံချိန် တူသွားခဲ့ပါတယ်။

Source : Guardian/ Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ