International: ဝေးလ်ကို အနိုင်ရပြီးနောက် ဂါရက်ဘေးလ်ကို ရော်နယ်ဒို နှစ်သိမ့်အားပေး

ရီးရဲလ်မက်ဒရစ် အသင်းဖော် ဂါရက်ဘေးလ်ကို ရော်နယ်ဒို နှစ်သိမ့်ခဲ့တာပါ။

play

 

ပေါ်တူဂီက ဝေးလ်အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုက ပြိုင်ဘက် ကစားသမား ဂါရက်ဘေးလ်ကို အားပေးနှစ်သိမ့်ခဲ့တာတွေ့ရပါတယ်။ ဂါရက်ဘေးလ်တို့ ဝေးလ်အသင်းက ပထမဆုံး ယူရိုချန်ပီယံရှစ် ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပေမဲ့ ရီးရဲလ်မက်ဒရစ် အသင်းဖော် ရော်နယ်ဒိုဦးဆောင်လာတဲ့ ပေါ်တူဂီအသင်းကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

play

 

ဝေးလ်အသင်းက ပေါ်တူဂီကို ပထမပိုင်းတစ်ပိုင်းလုံး ဂိုးမပေးရအောင် ကစားနိုင်ခဲ့တဲ့အပြင် ဂိုးပေါက်ခြိမ်းခြောက်မှုတွေလည်း အကြိမ်ကြိမ် ပြုလုပ်နိုင်ခဲ့ပေမဲ့ ပေါ်တူဂီ  နောက်တန်းက ကာကွယ်နိုင်ခဲ့တာကြောင့် ချေပဂိုးတွေမရဘဲ ရှုံးပွဲတွေ့ခဲ့ရတာဖြစ်ပါတယ်။ ကွင်းလယ်ဒိုင်က ပွဲသိမ်းခရာမှုတ်ပြီးတဲ့နောက်မှာ အသင်းဖော်တွေနဲ့ ခေတ္တအောင်ပွဲခံခဲ့ပြီးတဲ့နောက် ရော်နယ်ဒိုက ဂါရက်ဘေးလ်ဆီသွားပြီး နှစ်သိမ်ခဲ့တာကို ဓာတ်ပုံတွေနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

play

 

ဝေးလ်အသင်း ကစားသမား ဂါရက်ဘေးလ်ကလည်း မိမိတို့ လက်ရွေးစင်အသင်းအတွက် အစွမ်းကုန်ပေးဆပ်ခဲ့ပြီးပြီဖြစ်တာကြောင့် ရှုံးခဲ့ပေမဲ့လည်း နောင်တတော့မရဘူးလို့ ပြောပါတယ်။ ပေါ်တူဂီအတွက် အဖွင့်ဂိုးသွင်းယူခဲ့တဲ့ရော်နယ်ဒိုကိုလည်း ချီးကျူးစကား ပြောခဲ့ပါသေးတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ