International: ထောင်ဒဏ် ၂၁ လ ပြစ်ဒဏ်အတွက် မက်ဆီ အယူခံဝင်မည်

စပိန်ဥပဒေအရ မက်ဆီတို့သားအဖနှစ်ဦး ထောင်ဒဏ်ပြစ်ဒဏ်ကို ရှောင်လွှဲလို့ရနိုင်တဲ့ အခွင့်အရေး ရှိနေပါတယ်။

play

 

အခွန်ရှောင်တဲ့ ပြစ်ဒဏ်အတွက် ထောင်ဒဏ် ၂၁ လ ချမှတ်ခံရတဲ့ပြစ်ဒဏ်ကို မက်ဆီနဲ့ ဖခင်ဖြစ်သူတို့က အယူခံဝင်သွားမယ်လို့ သိရပါတယ်။ ဘာစီလိုနာ တရားရုံးက မက်ဆီတို့သားအဖဟာ  အခွန်ရှောင်တိမ်းခဲ့လို့ အပြစ်ထင်ရှားတယ်ဆိုပြီးထောင်ဒဏ် ၂၁ လ ချခဲ့တာဖြစ်ပါတယ်။

play

 

ဒါပေမဲ့ စပိန်ရဲ့ တရားရုံးချုပ်အထိ အယူခံဝင်မှာဖြစ်ပြီး ဘာစီလိုနာ တရားရုံးဘက်က ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်က မှားယွင်းမှုရှိတယ်လို့ မက်ဆီတို့ဘက်က ယူဆထားကြောင်း ရှေ့နေဘက်က ပြောပါတယ်။ အယူခံ တင်သွင်းတဲ့အခါ မက်ဆီနဲ့ သူ့ရဲ့ဖခင်ဖြစ်သူတို့ဘက်က အမြဲတမ်း မှန်ကန်စွာ နေထိုင်ခဲ့ကြောင်း သက်သေပြနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း အဆိုပါသားအဖနှစ်ဦးဘက်က ရှေ့နေနှစ်ဦးက ကာကွယ်ပြောကြားခဲ့ပါတယ်။

play

 

စပိန်နိုင်ငံရဲ့ ဥပဒေအရ ထောင်ဒဏ် ၂ နှစ်ထက်လျော့နည်းတဲ့ ပြစ်ဒဏ်မျိုးဆိုရင် ရှောင်လွှဲလို့ရအောင် ကြိုးစားခွင့် ရှိနေပါတယ်။ ထောင်ဒဏ်အပြင် မက်ဆီကို ဒဏ်ငွေ ယူရို ၂ သန်းပေးဆောင်ဖို့ အမိန့်ချခဲ့ပြီး ဖခင်ဖြစ်သူ ဂျော့ခ်ျကတော့ ယူရို ၁.၅ သန်းပေးဆောင်ရမှာ ဖြစ်ပါတယ်။

Source : ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ