International: ဂရိဇ်မန်းရဲ့ ဂိုးတွေနဲ့ အိမ်ရှင်ပြင်သစ် ဗိုလ်လုပွဲတက်

ဗိုလ်လုပွဲမှာ ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းနဲ့ တွေ့ရတော့မှာ ဖြစ်ပါတယ်။

play

 

နာမည်ကြီးနေတဲ့ ဂျာမနီကို အိမ်ရှင်ပြင်သစ်အသင်းက နှစ်ဂိုးပြတ်အနိုင်ယူပြီးနောက် ဗိုလ်လုပွဲကို တက်လှမ်းလာခဲ့ပြီဖြစ်ပါတယ်။ ယူရို ချန်ပီယံရှစ် ၂၀၁၆ ဗိုလ်လုပွဲစဉ်ဟာ အိမ်ရှင်ပြင်သစ်နဲ့ ပေါ်တူဂီအသင်းတို့ရဲ့ ပွဲစဉ်ဖြစ်လာတော့မှာပါ။

play

 

၂၀၀၆ ခုနှစ်က ကမ္ဘာ့ဖလား ဗိုလ်လုပွဲတက်ပြီးနောက် အဆင့်မြင့်ပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲမတက်နိုင်ခဲ့တဲ့ ပြင်သစ်အသင်းအတွက် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ် ချန်ပီယံဖြစ်ဖို့ အခွင့်အရေး ရလာတာပါ။ ဒီပွဲစဉ်မှာ ဂျာမနီအသင်းဘက်က ခီဒီယာ၊ ဂိုမက်ဇ်နဲ့ ဟမ်းမဲလ်စ်တို့ မပါနိုင်ခဲ့တာကြောင့် အပြောင်းအလဲ အနည်းငယ် လုပ်ခဲ့ရပါသေးတယ်။

play

 

အိမ်ရှင်ပြင်သစ်ကတော့ ဂျီရော့ဒ်၊ ပေယက်၊ ပေါ့ဂ်ဘာ၊ ဂရိဇ်မန်း စတဲ့တိုက်စစ်ကစားသမားတွေနဲ့အတူ မပြောင်းလဲပဲ ပွဲထွက်လာခဲ့တာပါ။ ပြင်သစ်နှစ်ဂိုးရခဲ့ပေမယ့် ပွဲကို စိုးမိုးခဲ့တာကတော့ဂျာမနီပါ။  ဘောလုံးပိုင်းဆိုင်မှု ၆၈ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမယ့် တိကျသေချာတဲ့ ဂိုးပေါက်ကန်သွင်းချက် ထွက်မလာခဲ့လို့သာ တစ်ဂိုးတောင် ပြန်မရခဲ့တာဖြစ်ပါတယ်။

play

 

ပထမပိုင်းအတွင်းမှာ ဂျာမနီရော ပြင်သစ်ပါ ဂိုးသွင်းခွင့်တစ်ဖက်နှစ်ကြိမ်ထက်မနည်း ရခဲ့ကြပါသေးတယ်။ အိမ်ရှင်ပြင်သစ်အတွက် အဖွင့်ဂိုးဟာ ပထမပိုင်း ပြီးဆုံးခါနီလေးမှာ မထင်မှတ်ပဲ ရလိုက်တာပါ။

play

 

ဂိုးဧရိယာထဲ ကျလာတဲ့ဘောလုံးကို အီဗရာနဲ့ ယှဉ်လုရာမှာ ရှဝိန်းစတိုင်ဂါလက်နဲ့ ထိတယ်ဆိုပြီး ကွင်းလယ်ဒိုင်က အိမ်ရှင်ပြင်သစ်ကိုပင်နယ်တီ ပေးပါတယ်။ အိမ်ရှင်အတွက် အဖွင့်၈ိုးကို ပင်နယ်တီကတဆင့် ဂရိဇ်မန်း သွင်းယူနိုင်ခဲ့တာပါ။

play

 

ဒုတိယပိုင်းမှာ ဂျာမနီအသင်း အပြောင်းအလဲ များစွာလုပ်ပြီး ပြင်သစ်ကို ချေပဂိုးရဖို့ ပိုကြိုးစားလာပြန်ပါတယ်။ ဒါပေမယ့် ဂိုးထပ်ရသွားခဲ့တာ အိမ်ရှင်ပြင်သစ်ဖြစ်ပါတယ်။ ပွဲချိန် ၇၂ မိနစ်မှာ ဂိုးဧရိယာဘေးကနေ ပေါ့ဂ်ဘာလိမ်ခေါက်ပြီး ဂိုးရှေ့ဖြတ်တင်လိုက်တဲ့ ဘောလုံးကို ဂျာမနီဂိုးသမား နူအာ ထွက်ဆွဲဖို့ ကြိုးစားခဲ့တာပါ။ နူအာပုပ်လိုက်တဲ့ ဘောလုံးဟာ ဂရိဇ်မန်းဆီ ရောက်သွားခဲ့ပြီး ဂရိဇ်မန်းက ပိတ်သွင်းယူလိုက်တာ ဖြစ်ပါတယ်။

play

 

ဒီပွဲမှာ ဂျာမနီအသင်း အဓိက ပွဲထွက်စားသမား သုံးဦး မပါနိုင်ခဲ့သလို ပွဲကစားနေစဉ် ဘိုတန်းလည်း ဒဏ်ရာပြဿနာရှိခဲ့တာကြောင့် နှစ်ဂိုးပြတ်တဲ့အထိ ရှုံးနိမ့်သွားခဲ့တာလို့ ဆိုနိုင်ပါတယ်။ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ဂျာမနီကို ရှုံးခဲ့တဲ့ ပြင်သစ်အတွက် ရှုံးကြွေးဆပ်နိုင်ခဲ့တဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။

Source : Goal/ Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ