International: ပြင်သစ်ကို ပေါ်တူဂီ အနိုင်မရသည်မှာ နှစ်ပေါင်း ၄၀ ကျော်ပြီဖြစ်

ပေါ်တူဂီဟာ ပြင်သစ်နဲ့ ရင်ဆိုင်ရတိုင်း ရလဒ်ကောင်းလေ့ မရှိပါဘူး။

play

ယူရိုချန်ပီယံရှစ် ၂၀၁၆ ဗိုလ်လုပွဲမှာ အိမ်ရှင်ပြင်သစ်အသင်းနဲ့ တွေ့ဆုံရမယ့် ပေါ်တူဂီအသင်းဟာ ပြင်သစ်နဲ့ ရင်ဆိုင်ရတိုင်း ရလဒ်ကောင်းလေ့ မရှိဘူးလို့ သိရပါတယ်။ ပေါ်တူဂီဟာ ပြင်သစ် အသင်းနဲ့ နောက်ဆုံး ရင်ဆိုင်ထားခဲ့တဲ့ ဆယ်ပွဲမှာ တစ်ပွဲမှ အနိုင်မရထားဘူးလို့ သိရပါတယ်။

play

 

ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းက ပြင်သစ်အသင်းကို နောက်ဆုံး အနိုင်ရထားခဲ့တာ ၁၉၇၅ ခုနှစ်က ဖြစ်တာကြောင့် ပေါ်တူဂီအပေါ် အနိုင်မရတာဟာ နှစ်ပေါင်း ၄၁ နှစ်ရှိနေပြီဖြစ်ပါတယ်။ ပြင်သစ်အသင်းနဲ့ နောက်ဆုံးရင်ဆိုင်ထားခဲ့တဲ့ ဆယ်ပွဲဆက်တိုက် ပေါ်တူဂီက ရှုံးပွဲတွေ့ထားခဲ့တာဖြစ်လို့ အခုရင်ဆိုင်ရမယ့် ဗိုလ်လုပွဲဟာလည်း ပေါ်တူဂီအတွက် အိပ်မက်ဆိုး ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်တုန်းကလည်း ယူရိုပြိုင်ပွဲမှာ ပေါ်တူဂီက ဗိုလ်လုပွဲ တက်ခဲ့ဖူးပေမယ့် ဂရိဇ်ကို ရှုံးပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာပါ။

play

 

ဒါပေမယ့် အခုတော့ အခြေအနေတွေ ကွာခြားသွားပြီဖြစ်လို့ အဲဒီလိုအဖြစ်မခံတော့ဘူးလို့ ရော်နယ်ဒိုက ပြောပါတယ်။ " အခုက ကွာခြားသွားပါပြီ။ လွန်ခဲ့တဲ့ ၁၂ နှစ်တုန်းက ဗိုလ်လုပွဲ တက်ခဲ့ပေမယ့် အဲဒီတုန်းက ကျွန်တော် ၁၈ နှစ်ပဲရှိသေးတယ်။ ကျွန်တော့်ရဲ့

ပွဲဦးထွက်လည်းဖြစ်တယ်။ ပေါ်တူဂီနဲ့ အောင်မြင်မှုတစ်ခု ရချင်တဲ့ ကျွန်တော့်ရဲ့ ဆန္ဒ အခုပြည့်တော့မယ် ထင်ပါတယ်" လို့ ရော်နယ်ဒိုက ပြောပါတယ်။

play

 

နောက်ဆုံး ဆယ်ပွဲ ရလဒ်

ပြင်သစ ၂-၀ ပေါ်တူဂီ (ခြေစမ်းပွဲ) မတ် ၈ ၁၉၇၈

ပေါ်တူဂီ ၂-၃ ပြင်သစ် (ခြေစမ်းပွဲ) ဖေဖော်ဝါရီ ၁၆ ၁၉၈၃

ပြင်သစ် ၃-၂ ပေါ်တူဂီ (ယူရို) ဇွန် ၂၃ ၁၉၈၄

ပြင်သစ် ၃-၂ ပေါ်တူဂီ (ခြေစမ်းပွဲ) ဇွန် ၂၄ ၁၉၉၆

ပေါ်တူဂီ ၀-၂ ပြင်သစ် (ခြေစမ်းပွဲ) ဇွန် ၂၂ ၁၉၉၇

ပြင်သစ် ၂-၁ ပေါ်တူဂီ (ယူရို) ဇွန် ၂၈ ၂၀၀၀

ပြင်သစ် ၄-၀ ပေါ်တူဂီ (ခြေစမ်းပွဲ) ဧပြီ ၂၅ ၂၀၀၁

ပြင်သစ် ၁-၀ ပေါ်တူဂီ (ကမ္ဘာ့ဖလား ) ဇူလိုင် ၅ ၂၀၀၆

ပြင်သစ် ၂-၁ ပေါ်တူဂီ (ခြေစမ်းပွဲ) အောက်တိုဘာ ၁၁ ၂၀၁၄

ပေါ်တူဂီ ၀-၁ ပြင်သစ် (ခြေစမ်းပွဲ) စက်တင်ဘာ ၄ ၂၀၁၅

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ