International: ဂိုးသွင်းပြီး အောင်ပွဲခံ အကအကြောင်း ဂရိဇ်မန်း ရှင်းလင်း

ဂရိဇ်မန်းက အဆိုတော်တစ်ယောက် သီချင်းထဲမှာ ကသလို ကပြတာ ဖြစ်ပါတယ်။

play

 

ဂိုးသွင်းအပြီးအောင်ပွဲခံတဲ့ အကဟာ ဘယ်လိုအကမျိုးလဲဆိုတာကို ပြင်သစ်တိုက်စစ်ကစားသမား ဂရိဇ်မန်းက ဖော်ထုတ်ပြောကြားလိုက်ပြီဖြစ်ပြီဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်မှာပြင်သစ်အသင်းက ဂျာမနီကို ဂရိဇ်မန်းရဲ့ သွင်းဂိုး နှစ်ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲ တက်လာခဲ့တာပါ။

ဂိုးသွင်းပြီးတိုင်း အောင်ပွဲခံတဲ့ အကဟာ အမှတ်တရ တစ်ခုခုရှိလို့ လုပ်တာမျိုးမဟုတ်ပဲ နာမည်ကျော် ရက်ပါ Drake ရဲ့ အကတစ်မျိုးသာ ဖြစ်တယ်လို့ ဂရိဇ်မန်းက ပြောလိုက်ပါတယ်။ ရက်ပါ Drake က Hotline Bling ဆိုတဲ့ သီချင်းထဲမှာ ဒီလိုအကမျိုးနဲ့ ကပြတင်ဆက်ထားတာဖြစ်ပါတယ်။

play

 

ဒီသီချင်းထဲက ရပ်ပါ Drake ကပြတဲ့ ပုံစံနှစ်သက်လို့သာ ဂိုးသွင်းပြီးရင် ဒီလိုအောင်ပွဲခံတာဖြစ်ပြီး အခြား ထူးထူးခြားခြားအကြောင်းအရာ ဘာမှမရှိဘူးလို့ ဂရိဇ်မန်းက ပြောပါတယ်။ " အသလက်တီကိုနဲ့ကတည်က ကျွန်တော်ဒီလိုပဲ အောင်ပွဲခံတာပါ။ အယ်ဘေးနီးယားနဲ့ပွဲမှာတော့ စိတ်လှုပ်ရှားလွန်းလို့ ဒီလိုမလုပ်လိုက်ရဘူး။ ဒီအတိုင်းပဲ ကလိုက်တာပါပဲ" လို့ ဂရိဇ်မန်းက ပြောပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ