International: ဘောလုံးသမား လေးဦးကို အိုင်အက်စ်အဖွဲ့ ခေါင်းဖြတ်ကွပ်မျက်

အိုင်အက်စ်အဖွဲ့က အားကစားလုပ်ခြင်းကို တားမြစ်ပိတ်ပင်ထားပါတယ်။

 

အားကစားကို ဆန့်ကျင်ကြောင်း ထုတ်ပြန်ထားတဲ့ အိုင်အက်စ်အဖွဲ့က ဘောလုံးသမားလေးဦးကို လူမြင်ကွင်းမှာပဲ ခေါင်းဖြတ်ကွပ်မျက်လိုက်ပါတယ်။ အီရတ်နိုင်ငံ ရက်ကာမြို့ကို အိုင်အက်စ်အဖွဲ့ သိမ်းပိုက်ပြီးချိန်ဖြစ်တဲ့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်စပြီး အားကစားလုပ်တာဟာ အစ္စလာမ်ဘာသာကို ဆန့်ကျင်တာဖြစ်တယ်လို့ အကြမ်းဖက်အဖွဲ့က ကြေငြာထားတာပါ။

 

ဒါပေမယ့်ဘောလုံးသမားတွေဟာ ကာဒစ်ရှ်တပ်ဖွဲ့ဝင်တွေအတွက်လည်း အိုင်အက်စ်အဖွဲ့ကို ထောက်လှမ်းပေးနေတယ်လို့ စွပ်စွဲပြီး သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ အယ်ဆာဘက်အသင်းရဲ့ ဘောလုံးသမား အိုစမာအဘူကူဝိတ်လည်း သတ်ဖြတ်ခံရသူတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ ဘောလုံးသမား လေးဦးအပါအဝင် စုစုပေါင်း ငါးဦးကို သတ်ဖြတ်ခဲ့တာဖြစ်ပြီး နောက်တစ်ဦးကတော့ ဘယ်သူလဲဆိုတာ မသိရသေးပါဘူး။ လူမှုကွန်ယက်မှာ ဒီဓာတ်ပုံတွေ ပျံ့နှံ့ခဲ့ပြီးနောက် သုံးစွဲသူတွေရဲ့ ဖော်ထုတ်ချက်အရ ကွပ်မျက်ခံရသူ အချို့ဟာ ဘယ်အသင်းက ဘောလုံးသမားတွေလဲဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။

 

နီဟတ်ဆိုတဲ့ ဘောလုံးသမားတစ်ဦးလည်း သတ်ဖြတ်ခံရတဲ့ အထဲမှာ ပါဝင်ခဲ့ရပါတယ်။ အားကစားမှာ ပါဝင်ပတ်သတ်လို့ အပြစ်ပေးတာ ဒါဟာ အိုင်အက်စ်အဖွဲ့ရဲ့ ပထမဆုံးအကြိမ်တော့ မဟုတ်တော့ပါဘူး။ လွန်ခဲ့တဲ့ နှစ်ကလည်း ၁၃ နှစ်အရွယ် လူငယ်တစ်ဦးကို အာရှဖလား ဘောလုံးပွဲ ကြည့်ခဲ့မိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အိုင်အက်စ်က ကွပ်မျက်ခဲ့ပါသေးတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ